ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်

တရုတ်ရဲ့ ကျူးကျော်စစ်ကို ကာကွယ်ဖို့ရည်ရွယ်တဲ့ နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုတွေ ကို ထိုင်ဝမ်က စတင်ခဲ့ပြီး ယခုနှစ်စစ်ရေးလေ့ကျင့်မှုဟာ အရှည်ကြာဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေကို ဇူလိုင်လ ၉ ရက်မှာ စတင်ခဲ့ပြီး ၁၀ ရက်ကြာမြင့်မှာဖြစ်ကာ ပြီးခဲ့တဲ့နှစ် စစ်ရေးလေ့ကျင့်မှုထက် ငါးရက်ပိုကြာပါတယ်။

စစ်ရေးလေ့ကျင့်မှုမှာ အရန်တပ်ဖွဲ့ဝင် ၂၀၀၀၀ ကျော် ပါဝင်နေပြီး ပထမနေ့မှာ အရန်တပ်ဖွဲ့ဝင် တွေကို တိုက်ခိုက်ရေးမှာပါဝင်ဖို့ လေ့ကျင့်ပေးခဲ့ပါတယ်။

ယခုနှစ်စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်နိုင်ငံမှ ဝယ်ယူထားတဲ့ HIMARS ဒုံးကျည်နဲ့ ကျည်အ စစ်ပစ်ခတ်မှု လေ့ကျင့်ခန်းလည်း ပါဝင်မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ မီးခိုးရောင်ဇုန် ကျူးကျော်မှုကို လက်တုံ့ပြန်ဖို့ ထိုင်ဝမ်က စီစဉ်နေပါတယ်။ မီးခိုး ရောင်ဇုန်ဆိုတဲ့ ဝေါဟာရဟာ လက်နက်ကိုင်တိုက်ခိုက်မှုကို ရပ်တန့်တဲ့ ထိုင်ဝမ်အပေါ် ဖိအားပေးတဲ့ စစ် ဆင်ရေးတွေကို ရည်ညွှန်းပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေနဲ့အတူ အခြေခံအဆောက်အအုံတွေ တိုက်ခိုက်ခံရတဲ့ပုံစံကို အခြေခံပြီး တိုင်ပေအပါအဝင် မြို့ကြီးသုံးခုမှာ လေ့ကျင့်မှုကြီးတွေ ပြုလုပ်မှာဖြစ်ပါတယ်။

တရုတ်က ဒုံးကျည်နဲ့တိုက်ခိုက်လာပါက လမ်းပေါ်သွားလာသူတွေ အပါအဝင် ပြည်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ လေကြောင်းစီးနင်းခြင်း လေ့ကျင့်မှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။ အဆိုပါလေ့ ကျင့်မှုတွေမှာ ထိုင်ဝမ်ပြည်သူအများအပြား ပါဝင်မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ဝန်းကျင်မှာ စစ်ရေးဖိအားပေးမှု အရှိန်မြှင့်နေစဉ်မှာ ထိုင်ဝမ်က အခုလို စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်တာပါ။

သမ္မတ လိုင်ချင်တေးအစိုးရအဖွဲ့ဟာ စစ်ဘက်နဲ့ အရပ်ဘက်ကဏ္ဍကြား ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် ထိုင်ဝမ်ရဲ့ ကာကွယ်ရေးစွမ်းပကားတွေကို မြှင့်တင်ဖို့ ကြိုးပမ်းနေပုံပေါ်ပါတယ်။

ကိုးကား – NHK
Ref; Taiwan begins annual military drills in face of Chinese threats