ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်
ယူကရိန်းအရေးနဲ့ ပတ်သက်ရင် ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မိတ်ဆွေမဟုတ်ဘူးလို့ အမေရိကန် အမျိုးသားထောက်လှမ်းရေးဌာန၊ ညွှန်ကြားရေးမှူး ဂျေးကလေတန်က နိုဝင်ဘာ ၂၂ ရက်မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားခေါင်းဆောင်အပေါ် ရင်းရင်းနှီးနှီး ပြောဆိုခဲ့ပြီး ရက်ပိုင်းအကြာမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
ယူကရိန်းအရေးမှာ ပူတင်ဟာ အမေရိကန်ရဲ့ မိတ်ဆွေ လုံးဝမဟုတ်ကြောင်း ကလေတန်က ABC News ရဲ့ This Week အစီအစဉ်မှာ ပြောပါတယ်။
ဒေါ်နယ်ထရမ့်က ပူတင်ကို မိတ်ဆွေလို့ ခေါ်ဝေါ်ခဲ့တာနဲ့ ပတ်သက်ပြီး နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ကမ္ဘာ့ထိပ်တန်း နျူကလီးယားအင်အားကြီး အမေရိကန်၊ ရုရှားနဲ့ တရုတ် ခေါင်းဆောင်တွေ ဆွေးနွေးမှု အခြေအနေအရ အဲဒီအသုံးအနှုန်းဟာ လုံးဝ သင့်လျော်တယ်လို့ ကလေတန်က ဆိုပါတယ်။
နျူကလီးယားလက်နက် ၄,၀၀၀ ပိုင်ဆိုင်ထားသူတွေကို ရန်သူထက် မိတ်ဆွေအဖြစ် ထားရှိတာက ပိုကောင်းတယ်လို့ နိုဝင်ဘာ ၁၉ ရက်မှာ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
နိုဝင်ဘာ ၂၀ ရက်မှာ အဲဒီမေးခွန်းကို ထပ်မေးတဲ့အခါ အမေရိကန်တစ်နိုင်ငံလုံးအတွက် ပူတင်ဟာ မိတ်ဆွေဟုတ်မဟုတ်ကို ဒေါ်နယ်ထရမ့်က ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားက ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီး ယူကရိန်းနယ်မြေရဲ့ ငါးပုံတစ်ပုံခန့်ကို ထိန်းချုပ်ထားသလို အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသ တစ်ခုလုံးကို ယူကရိန်းက လွှဲပြောင်းပေးဖို့ တောင်းဆိုချက်ကိုလည်း ပူတင်က လျှော့ချမယ့်ပုံ မပေါ်ပါဘူး။
ဒေါ်နယ်ထရမ့်က ပူတင်ကို မိတ်ဆွေလို့ ခေါ်ဝေါ်ခဲ့တာဟာ ယူကရိန်းရဲ့ ဥရောပမဟာမိတ်တွေဆီက ဝေဖန်မှုတွေ ထွက်ပေါ်စေခဲ့ပါတယ်။
ပူတင်ဟာ ဥရောပရဲ့ မိတ်ဆွေမဟုတ်သလို ဘယ်တော့မှလည်း ဖြစ်လာမှာ မဟုတ်ဘူးလို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်က ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာ ၁၉ ရက် ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ယူကရိန်းသမ္မတ ဇီလန်စကီးက ပခုံးတွန့်ပြီး ထွက်သွားခဲ့ပါတယ်။
News: Reuters
Ref; US intelligence chief says Putin is ‘not America’s friend in Ukraine’