ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်

နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အဆိုပြုကြောင်း အိမ် ဖြူတော်မှာကျင်းပတဲ့ ညစာစားပွဲတစ်ခုမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါ တယ်။

နေတန်ယာဟုက နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီထံ ပေးပို့ခဲ့တဲ့ အဆိုပြုစာကို ဒေါ်နယ်ထ ရမ့်ထံ ပေးအပ်ခဲ့ပါတယ်။

အိမ်ဖြူတော် အပြာရောင်ခန်းမမှာပြုလုပ်တဲ့ ညစာစားပွဲမှာ အကြီးတန်း အကြံပေးတွေနဲ့အတူ ဒေါ်နယ်ထရမ့်နဲ့ နေတန်ယာဟုတို့က ဂါဇာစစ်ပွဲ၊ ပဋိပက္ခအဆုံးသတ်ဖို့ ရက် ၆၀ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက် တွန်းအားပေးမှုတွေကို ဆွေးနွေးခဲ့ပါတယ်။

အီရန် နျူကလီးယားအစီအစဉ်ကို စစ်ရေးအရ အရေးယူဖို့ ဒေါ်နယ်ထရမ့်နဲ့ သမ္မတဟောင်းတွေ အပေါ် နေတန်ယာဟုက နှစ်ချီ ဖိအားပေးပြီးနောက် ဒေါ်နယ်ထရမ့်ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုအ တွက် အဆိုပြုမှုဖြစ်လာတာပါ။

နေတန်ယာဟုက နိုဘယ်လ်ငြိမ်းချမ်းရေးဆု အဆိုပြုမှုကြောင့် အဆိုပါဆုရလိုပြီး ငြိမ်းချမ်းရေး ပြုလုပ်သူတစ်ဉီးအ ဖြစ် ပုံရိပ်တည်ဆောက်လိုတဲ့ ဒေါ်နယ်ထရမ့်နဲ့ အစေးကပ်လာခဲ့ပါတယ်။

“ဒါဟာ အလွန်ကို အဓိပ္ပာယ်ရှိပါတယ်” လို့ နေတန်ယာဟုက နိုဘယ်လ်ငြိမ်းချမ်းရေးဆု အဆိုပြု လွှာ ကမ်းပေးစဉ် ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နေတန်ယာဟုရဲ့ တစ်နှစ်အတွင်း တတိယမြောက် အိမ်ဖြူတော်ခရီးစဉ်ဟာ အစ္စရေးရဲ့ ဂါဇာစစ် ပွဲနဲ့ ဒေါ်နယ်ထရမ့်က ပဋိပက္ခအဆုံးသတ်ရေးအဖြေ တွန်းအားပေးမှုက လွှမ်းမိုးနေပါတယ်။

ကိုးကား – Euro News
Ref; Netanyahu nominates Trump for Nobel Peace Prize as leaders celebrate recent joint Iran strikes