ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်

ရှမ်းမြောက်၊ တအာင်းတပ်မဟာ (၃) နယ်‌မြေ၊ နောင်ချိုတွင် ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီက လက် နက်ကြီး ရာချီသုံးပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့ရှိ မျက်ချင်းနု၊ ရေမောင်းတန်း၊ နောင်လင်၊ ကျောက်ကြမ်း၊ နုန်းကျီးကုန်းနှင့် နားမိုင် ကျေးရွာတို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီး ၁၂၇ လုံးနှင့် ဒရုန်းဗုံး ၄၂ အသုံးပြု ပစ်ကူတိုက်ခိုက်ခဲ့ကြောင်းတအာင်းတပ်မတော် (TNLA) ကထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် နားမိုင်နှင့် ရေမောင်းတန်းကျေးရွာဘက် တိုက်ပွဲဖြစ်ပွားနေချိန် ဇူလိုင် ၇ ရက်နေ့က လက်နက်ကြီး ၈၇ လုံးနှင့် ဒရုန်းဗုံး ၁၀ လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျောက်ကြမ်းနှင့် ကျောက်တောကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ ဒရုန်းဗုံး ၂၄ လုံးနှင့် လက် နက်ကြီး ၂၁ လုံးတို့ကို ပစ်ကူတိုက်ခိုက် ခဲ့သည်ဟုဆိုသည်။

အလားတူ နောင်လင်၊ နန်းကျီးကုန်းကျေးရွာဘက်တွင်လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ၁၉ လုံးနှင့် ဒရုန်းဗုံး ရှစ် လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့လည်း နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ အောင်ချမ်းသာ၊ ရေမောင်းတန်း၊ နောင်လင်နှင့် မျက်ချင်းနုကျေးရွာတို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး ၃၄ လုံး၊ လက်နက်ကြီး ၉၈ လုံးနှင့် ဒရုန်းဗုံး ၄၆ လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-TNLA