ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်

ဧပြီလအတွင်း ဗန်ကောက်မြို့မှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုဟာ အာဆီ ယံအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အာဏာအရ ပြုလုပ်ခဲ့တာလို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောဆို လိုက်ပါတယ်။

တွေ့ဆုံမှုဟာ မတ်လအတွင်း မြန်မာနိုင်ငံမှာ အင်အားပြင်း မြေငလျင် လှုပ်ခတ်ပြီးနောက် အပစ် အခတ်ရပ်စဲရေးရရှိဖို့နဲ့ လူသားချင်းစာနာမှု အကူအညီပေးမှု အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုကို ကန့်ကွက်သူမရှိဘဲ အာဆီယံခေါင်းဆောင်တွေက အ တည်ပြုခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှုဟာ အာဆီယံအဖွဲ့ရဲ့ အခြားနိုင်ငံပြည်တွင်းရေး မစွက်ဖက် ရေးမူမှ မဟာဗျူဟာမြောက် ပြောင်းလဲမှုဖြစ်ခဲ့ပြီး အနည်းငယ် တိုးတက်မှုရှိခဲ့တယ်လို့ ၎င်းက ထောက်ပြ ခဲ့ပါတယ်။

“အာဆီယံအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အာဏာအရ ကျွန်တော် မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တာပါ။ နံပါတ်တစ်က အပစ်အခတ်ရပ်စဲရေး၊ နံပါတ်နှစ်က လူသားချင်းစာနာမှုအကူအညီကို ပွင့်လင်းမြင်သာမှု ရှိရှိ ခွဲခြားဆက်ဆံမှုမရှိ ပေးအပ်ရေးဖြစ်ပါတယ်” လို့ အန်ဝါက ပြောပါတယ်။

မလေးရှားနိုင်ငံက မြန်မာ မြေငလျင်ဘေးသင့်ပြည်သူတွေကို ကူညီဖို့ မြေပြင်ဆေးရုံတစ်ရုံ တည် ဆောက်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကြောင့် ဗုံးကြဲမှုတွေ၊ ဖျက်ဆီးမှုတွေ လျှော့နည်းသွားတယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Bernama
Ref; Anwar defends Myanmar junta meeting under ASEAN mandate for ceasefire