
ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
အာဆီယံအဖွဲ့ရဲ့ ၁၁ နိုင်ငံမြောက်ဖြစ်လာမယ့် တီမောလက်စတေးနိုင်ငံကို မြန်မာစစ်ကောင်စီရဲ့ ကန့်ကွက်ချက်ဟာ မဆီလျော်သလို အကျိုးအကြောင်းဆက်စပ်မှုမရှိဘူးလို့ တီမောလက်စတေးသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ပယ်ချလိုက်ပါတယ်။
“မြန်မာစစ်ကောင်စီရဲ့ ကန့်ကွက်မှုဟာ အကျိုးအကြောင်းဆက်စပ်မှုမရှိပါဘူး။ တီမောလက်စ တေးနိုင်ငံ အာဆီယံအဖွဲ့ကိုဝင်ရောက်ဖို့ တရားဝင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးဖြစ်ပါတယ်” လို့ ၎င်းက ဆို ပါတယ်။
တီမောလက်စတေးနိုင်ငံဟာ အာဆီယံပဋိဉာဉ်မှာ ပြဌာန်းထားတဲ့ အခြားတိုင်းပြည်ရဲ့ ပြည်တွင်း ရေးကို မစွက်ဖက်ရဆိုတဲ့မူကို မလိုက်နာဘူးလို့ မြန်မာစစ်ကောင်စီက လက်ရှိ အာဆီယံဥက္ကဌ မလေး ရှားနိုင်ငံထံ တရားဝင် စာတစ်စောင် တင်ပြခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ အပယ်ခံအဆင့်က အာဆီယံအဖွဲ့အတွင်း အရေးပါတဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်မှုကို ထိခိုက်စေတယ်လို့ ရာမို့စ်ဟော်တာက ပြောပါတယ်။
တီမောလက်စတေး အန်ဂျီအိုဖိုရမ် အမှုဆောင်ဒါရိုက်တာ ဗယ်လန်တင်ဒါကော်စတာက မြန်မာ စစ်ကောင်စီရဲ့ ကန့်ကွက်ချက်ကို ပယ်ချခဲ့ပြီး အဆိုပါကန့်ကွက်ချက်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တီမောလက်စတေးနိုင်ငံရဲ့ စဉ်ဆက်မပြတ် ထောက်ခံမှုကြောင့်ဖြစ်တယ်လို့ ဆို ပါတယ်။
“ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ တီမောလက်စတေးနိုင်ငံရဲ့ သွေးစည်းညီညွတ်မှုကြောင့် မြန်မာ စစ်ကောင်စီက ကန့်ကွက်တာပါ။ ဝန်ကြီးချုပ် ဂူစမိုနဲ့ သမ္မတ ရာမို့စ်ဟော်တာတို့က မြန်မာစစ်ကောင်စီ ကို ဝေဖန်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကို ထောက်ခံခဲ့ပါတယ်” လို့ သူက ပြောပါ တယ်။
အာဆီယံအဖွဲ့က စစ်အစိုးရတွေကို တရားဝင်မှုပေးရင် တီမောလက်စတေးနိုင်ငံရဲ့ အာဆီယံအဖွဲ့ ဝင်ဖြစ်မှုကို ပြန်စဉ်းစားမယ်လို့ ဂူစမိုက ၂၀၂၃ ခုနှစ်မှာ ပြောကြားခဲ့ပါတယ်။
သမ္မတ ရာမို့ဟော်တာက NUG ဝန်ကြီးအချို့ကို ဒီလီမြို့တော်သို့ ဖိတ်ကြားခဲ့ရာ စစ်ကောင်စီက အပြင်းအထန် ကန့်ကွက်ကာ လက်တုံ့ပြန်မှုအဖြစ် တီမောလက်စတေး သံရုံးယာယီတာဝန်ခံကို နှင် ထုတ်ခဲ့ပါတယ်။
ကိုးကား – Thai PBS
Ref; Timor-Leste rejects Myanmar’s opposition to its ASEAN membership