ဧရာဝတီတိုင်းမ်
နို‌ဝင်ဘာ ၂၆ ရက်

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့်ဆက်စပ်လျက်ရှိသော မလက္ကာ ရေလက်ကြားအနီးတွင် ဆိုင်ကလုန်း မုန်တိုင်း ဆန်ယာ ဖြစ်ပေါ်နေပြီး မြန်မာ့ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြီးမည်ဖြစ်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ) က ယနေ့ နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းတွင် ထုတ်ပြန် သည်။

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံ အရှေ့ တောင်ပိုင်းတို့တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လျှက်ရှိကာ မုန်တိုင်းငယ် ဖြစ်ပေါ် နိုင်ကြောင်းသိရသည်။

ဆန်ယာအရှိန်ကြောင့် မုတ္တမကွေ့ မွန် – တနင်္ဿာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ် ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျကာ လှိုင်းကြီးမည်ဖြစ်ပြီး ရေပြင်မြေပြင်သည် တစ်နာရီလျှင် ၃၅ မိုင်အထိတိုက်ခိုက်နိုင်ကာ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၁ ပေထိရှိနိုင်ကြောင်း မိုး/ဇလက ခန့်မှန်းထားသည်။

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ရှိသည်။ လာမည့် ၂ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကရင်နီ(ကယား)ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်ကြောင်း မိုး/ဇလ ဆိုသည်။

အဆိုပါ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ဆက်စပ်လျှက်ရှိသော သီရိလင်္ကာနိုင်ငံ အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ ၏ အသိပေးထုတ်ပြန်ချက်အရသိရသည်။