
ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
စစ်တပ်ထောက်ခံသော မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး( ဗဟို) က နှစ်စဉ်ပေးလေ့ရှိသော ပရဟိတထူးချွန်ဆုကို ဖြူဖြူထွေးအားချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယမန်နေ့က ရန်ကုန်တွင် အာဏာသိမ်းစစ်ကောင်စီကပေးအပ်သည့် လူမှုထူးချွန်ဆု (ဒုတိယအဆင့်) ရရှိသူ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဒိန်းဒေါင်နှင့်အဖွဲ့က ဆုပေးပွဲကျင်းပခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော့်ကို ဒီလိုဖြစ်အောင် ( စစ်တပ်ထောက်ခံသူ) အရောင်ဆိုးသွားတဲ့လူတွေကို စိတ်မဆိုးဘူး၊ သူတို့လုပ်တာ သူတို့သမိုင်း ၊ ကျနော် က ကျနော့်သမိုင်း ကျနော် လုပ်တာ၊ လူဆိုတ သမိုင်းရှိရမယ်” ဟု ပြည်တွင်းမီဒီယာများနှင့်တွေ့ဆုံရာတွင် ဒိန်းဒေါင်က ထည့်သွင်းပြောကြားထားသည်။
ပရဟိတထူးချွန်ဆုကို ဆယ်လီဖြူဖြူထွေးနှင့် ဧရာဝတီတိုင်း၊ မြန်မာနိုင်ငံဟာသပညာရှင်များအဖွဲ့အစည်းအရုံး ဥက္ကဋ္ဌ ဦးပေါ်ပေါ်၊ ချစ်စံ၊ ဦးဒေါင်းရှိန်တို့ရရှိကြောင်း စစ်ကောင်စီမီဒီယာများတွင် ဖော်ပြထားသည်။
ဟာသပညာထူးချွန်ဆုကို သရုပ်ဆောင် ရန်အောင်၊ စိုးမြတ်သူဇာ၊ ကျော်ကျော်ဗိုလ် နှင့် ဝိုင်းချစ်တို့ကရရှိပြီး ဟာကဖန်တီးမှုထူးချွန်ဆုကို ဒါရိုက်တာ ကျော်ဇောင်း ( အတွေးပုံရိပ်) က ရရှိကာ မျိုးဆက်သစ်ဟာသပညာထူးချွန်ဆုကို သာတီတူးက ရရှိကြောင်း သိရသည်။
ထို့ပြင် ဟာသတစ်သက်တာဆုကို ဦးမိုးဒီ၊ ဦးဖိုးဆောင်း၊ ဦးစံမိုး၊ ဦးတိမ်ညွန့်၊ ဦးပေါ်လေး၊ ဦးဥဩ၊ ရေဒီယို ဦးမန်းကျော်နှင့် ဦးရွှေဂဲတို့ရရှိခဲ့သည်။
ပရဟိတထူးချွန်ဆုရရှိသူ ဖြူဖြူထွေးသည် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စားဆင်ယင်မှုပုံစံကို တုပဝတ်ဆင်ပြီး မယ်တော်ဟောင်စု နာမည်ဖြင့် ပရုတ်ကြော်ငြာရိုက်ကူးခဲ့သဖြင့် ပြည်သူလူထုနှင့် တော်လှန်ရေးအဖွဲ့အချို့၏ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံခဲ့ရသူလည်းဖြစ်သည်။
စစ်အောက်ဆီလက်အောက်ခံ ရန်ကုန်တိုင်းအစိုးရအဖွဲ့က အလှူငွေကျပ်သိန်း ၁၀၀ ၊ ကြံ့ခိုင်ရေးပါတီက ကျပ်သိန်း ၂၀ နှင့် ပြန်ကြားရေးဝန်ကြီးဌာနက ကျပ်သိန်း ၅၀ကို ဟာသလူရွှင်တော်အဖွဲ့ထံလှူဒါန်းကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ဟာသပညာထူးချွန်ဆုကို ခင်လှိုင်နှင့် မြင့်မြတ်၊ ပရဟိတထူးချွန်ဆုကို ထူးခန့်ကျော်နှင့် ဟာသပညာ ထူးချွန်ဆုရကို မာမီသက်၊ မိုးညိုတို့ကို ပေးအပ်ခဲ့သည်။
ဓာတ်ပုံ- လူမှုကွန်ရက်