ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုသည် ယနေ့ ဇူလိုင် ၈ ရက်မှ ၁၂ ရက်အထိ ၎င်း၏ ပထမဆုံးအာရှခရီးစဉ်အဖြစ် အရှေ့တောင်အာရှနိုင်ငံများခရီးစဉ်အတွင်း မလေးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ် ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၏ အရှေ့တောင်အာရှခရီးစဉ်တွင် အာဆီယံနိုင်ငံများမှ ဝန်ကြီးများနှင့်လည်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါခရီးစဉ်အရ အမေရိကန်နိုင်ငံမှ အင်ဒို-စိဖိတ် ဒေသကိုလည်း တဖန်အာရုံစိုက်လာကြောင်း သိရှိနိုင်ပြီး သမ္မတထရမ့်၏ အာရုံစိုက်မှုများစွာရရှိထားသည့် အရှေ့အလယ်ပိုင်းနှင့်ဥရောပရှိ ပဋိပက္ခများကို ကျော်လွန်ကာကြည့်ရှုမှုအဖြစ်လည်း ယူဆထားကြကြောင်း သိရသည်။

“အမေရိကန်ဟာ အင်ဒို-ပစိဖိတ်ကို အမေရိကန်ရဲ့နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးတဲ့ အဓိက စိတ်ဝင်စားမှုနယ်မြေအဖြစ် အမှန်တကယ် ရှုမြင်ထားတယ်” ဟု ဝါရှင်တန်ရှိ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအင်စတီကျုမှ အရှေ့တောင်အာရှအစီအစဉ်ဒါရိုက်တာ ဂရက်ဂ်ပိုလင်းက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတထရမ့်သည် မာကိုရူဘီယိုတွေ့ဆုံသွားမည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ ငါး နိုင်ငံ၏ တင်ပို့ကုန်များကို အခွန်ကာက်ခံမည်ဖြစ် ကြောင်းကိုလည်း ယမန်နေ့ ဇူလိုင် ၇ ရက်နေ့က စာပေးပို့အကြောင်းကြားခဲ့ ကြောင်း သိရသည်။

အာဆီယံနိုင်ငံများသည် ထရမ့်၏ အခွန်ကောက်ခံမှု အပေါ်စိုးရိမ်ခဲ့ကြပြီး ၎င်း၏ “America First” အုပ်ချုပ်ရေးသည် အာဆီယံဒေသတွင်း သံတမာန်ရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် အပြည့်အဝပူးပေါင်းမည့် ဆန္ဒရှိခြင်းအပေါ်ကိုလည်း မေးခွန်းထုတ်မှုများရှိခဲ့ကြသည်။

အမေရိကန်အစိုးရမှ ကောက်ခံမည့် တင်ပို့ကုန်အခွန်နှုန်းထားများမှာ မြန်မာနှင့် လာအိုနိုင်ငံက ၄၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံက ၃၆ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံက ၃၂ ရာခိုင်နှုန်း နှင့် မလေးရှားနိုင်ငံက ၂၅ ရာခိုင်နှုန်း အသီးသီးဖြစ်ကြောင်းလည်း သိရသည်။