ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်

မလေးရှား၊ ကာဇတ်စတန်၊ မြန်မာ၊ လာအိုနဲ့ တောင်အာဖရိက အပါအဝင် ကမ္ဘာ့နိုင်ငံငါးခုအပေါ် စည်းကြပ်ခွန်တွေ သတ်မှတ်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ Truth လူမှုကွန်ရက်မှာ တင်ထားတဲ့ တရားဝင် ကြေညာချက်မှာ ဖော်ပြထားတဲ့ ကုန်သွယ်ရေးအစီအမံသစ်တွေဟာ ဩဂုတ်လမှာ စတင်မှာဖြစ်ပြီး ကုန်သွယ်ရေးမူဝါဒမှာ စည်းကြပ်ခွန် တွေ အသုံးပြုမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသို့တင်ပို့တဲ့ ပို့ကုန်တွေအတွက် မလေးရှားနဲ့ ကာဇတ်စတန်နိုင်ငံတွေဟာ စည်း ကြပ်ခွန် ၂၅ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးဟာ အီလက်ထရောနစ်၊ စွမ်းအင်နဲ့ သတ္တုတွေ အမေရိကန်နိုင်ငံသို့ တင်ပို့ပါတယ်။

မြန်မာနဲ့လာအိုမှ ပို့ကုန်တွေအတွက် စည်းကြပ်ခွန် ၄၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ပြီး တောင်အာဖရိ ကနိုင်ငံက စည်းကြပ်ခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ သိရပါတယ်။

စည်းကြပ်ခွန်တိုးမြှင့်မှုအပေါ် လက်တုံ့ပြန်လာရင် အမေရိကန်နိုင်ငံက အရေးယူမယ်လို့ အဆိုပါ ငါးနိုင်ငံမှ ခေါင်းဆောင်တွေထံပေးပို့ခဲ့တဲ့ စာတွေထဲထဲမှာ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ အာရှတိုက်ရှိ အရေးပါဆုံး မဟာမိတ်တွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယား မှ သွင်းကုန်တွေအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း သတ်မှတ်ခဲ့ပါတယ်။

ကိုးကား – Hindustan Times
Ref; Donald Trump hits Malaysia, Kazakhstan with 25% tariffs, Myanmar and Laos face 40%, South Africa 30%