
ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
နည်းပညာဘီလျှံနာ အီလွန်မတ်စ်ရဲ့ ပါတီသစ်တစ်ခု ထူထောင်မယ့်အစီအစဉ်ဟာ ရယ်စရာအ ဆင့်သာရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရှုတ်ချခဲ့ပြီး တတိယပါတီတစ်ခု ဖွဲ့စည်းဖို့စတင် တာဟာ ရှုပ်ထွေးမှု ဖြစ်စေတယ်လို့ ဆိုပါတယ်။
“ဒီကနေ့ အမေရိကပါတီ ဖွဲ့စည်းလိုက်ပြီ” ဆိုတဲ့ အီလွန်မတ်စ်ရဲ့ လူမှုကွန်ရက်ပို့စ်နဲ့ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။
“ကျွန်တော်တို့ ရီဗက်ပလီကန်ပါတီနဲ့ ကြီးမားသော အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဒီမိုကရက်တွေ က ရှုံးနိမ့်ခဲ့ပါတယ်။ တတိယပါတီတွေက ဘယ်တော့မှ အလုပ်မဖြစ်ခဲ့ပါဘူး” လို့ သူက ဆိုပါတယ်။
ဒေါ်နယ်ထရမ့်က အခွန်ဖြတ်တောက်မှုဥပဒေကို လက်မှတ်ရေးထိုးပြီးနောက် တတိယပါတီတစ် ခု ထူထောင်ဖို့ အီလွန်မတ်စ်က စိတ်ကူးရခဲ့တာပါ။
အီလွန်မတ်စ်ဟာ အခွန်ဖြတ်တောက်မှုဥပဒေကို ကန့်ကွက်ခဲ့ပြီး အမေရိကရဲ့ ဘဏ္ဍာရေးလိုငွေ သိသိသာသာ တိုးစေမယ်လို့ ပြောပါတယ်။
တတိယပါတီတစ်ခု ထူထောင်သင့် မသင့် အွန်လိုင်းမှ စစ်တမ်းတစ်ရပ် ကောက်ခံခဲ့ရာ ဖြေကြား သူတွေရဲ့ ၆၅ ရာခိုင်နှုန်းက သူ့ရဲ့အစီအစဉ်ကို ထောက်ခံခဲ့တယ်လို့ အီလွန်မတ်စ်က ပြောပါတယ်။
အီလွန်မတ်စ်ဟာ ဒေါ်နယ်ထရမ့်ရဲ့ ဒုတိယသက်တမ်းမှာ မေလနှောင်းပိုင်းအထိ အစိုးရစွမ်း ဆောင်ရည်မြှင့်တင်ရေးဌာနကို ဉီးဆောင်ကာ အစိုးရအသုံးစရိတ် ဖြတ်တောက်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။
အီလွန်မတ်စ်ဟာ ဒေါ်နယ်ထရမ့်နဲ့ အကွဲအပြဲဖြစ်ပြီးနောက် နှစ်ဉီးကြား အပြန်အလှန် ဝေဖန်မှု တွေ ပြုလုပ်ခဲ့ပြီး ပါတီသစ်တစ်ခုတည်ထောင်ဖို့ လုပ်ဆောင်လာတာပါ။
ကိုးကား – NHK
Ref; Trump calls Elon Musk’s new party plan ‘ridiculous’