
ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ ဇူလိုင် ၈ ရက် နံနက် ၉ နာရီဝန်းကျင်တွင် မိုးကုတ်မြို့အနောက်ခြမ်းကို စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ မြို့ပေါ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် အနီးဝန်းကျင် နေအိမ်များသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“နေအိမ် ငါးလုံးလောက်က လုံးဝပြိုကျပျက်စီးသွားတာ။ ကျန်တာက အမိုးလန်တာတွေ ဘေးတစ်ခြမ်းထိတာတွေပေါ့နော်။ ကိုယ်ပိုင်ကျောင်းက စာသင်နေတဲ့ ကလေးတွေတော့ သိပ်မထိသွားဘူး။ လောဆယ်သိရ သလောက် သုံးဦးသေတယ်”ဟု မိုးကုတ်မြို့နေ အမျိုး သမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပေါင် ၅၀၀ ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၁၀ လုံးနီးပါးထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသူ သုံးဦးမှ ငါးဦးအထိရှိနိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။
ထို့အပြင် စစ်ကောင်စီက ယနေ့ နံနက်ပိုင်း ၉ နာရီ ၃၅ မိနစ်ခန့်တွင် ကျောက်မဲမြို့ကိုလည်း ဗုံးကြဲချတိုက် ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုနှင့် သေဆုံးမှုအခြေအနေကို စုံစမ်းလျက်ရှိကြောင်း TNLA က ထုတ်ပြန်သည်။
ပုံစာ- မိုးကုတ်မြို့ကို စစ်ကောင်စီပေါင် ၅၀၀ ဗုံးကြဲပြီးနောက်မြင်ကွင်း