ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်

အပစ်ရပ်စဲပြီးနောက် တိုက်ပွဲပိုမိုပြင်းထန်လာသည့် ကျောက်ဖြူတွင် စစ်ကောင်စီက စစ်ကူအင်အား အလုံးအရင်းဖြင့် ပို့ဆောင်ဖြည့်တင်းထားကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၇ ရက်နေ့တွင် AA နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်ဖြူရဲတပ်ရင်း ၃၂ ကို စစ်ကောင်စီက စစ်အင်အား ၅၀၀ ခန့် ထပ်မံဖြည့်တင်းပို့ ဆောင်ထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

“ဓညဝတီရေတပ်မှာ စုစည်းထားတဲ့ စစ်အင်အားတွေကို ရဲတပ်ရင်း ၃၂ မှာ ဒီနေ့ အင်အားလာဖြည့်တယ်”ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။

စစ်ကောင်စီက ယခုဇူလိုင်ပထမပတ်အတွင်း မာန်အောင်မြို့နယ်မှတစ်ဆင့် ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်ဌာနချုပ်ထံသို့ စစ်အင်အားများကို ပို့ ဆောင်ခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့နယ် မျှော်တော်ဦးရေတပ်တွင် စစ်အင်အားများကို စုဆောင်းထားပြီးနောက် ကျောက်ဖြူ မြို့နယ်သို့ စစ်ရေယာဉ်များဖြင့် ပို့ဆောင်အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။

ယနေ့တွင် စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၁၂ ဆင်း သင်တန်းသားများကို ဒကစပြည်နှင့် သန်လျင်ရေတပ်တို့မှတစ်ဆင့် ကျောက်ဖြူမြို့နယ်သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ကျောက်ဖြူ-ရန်ကုန်လမ်း ဂုံးချွိန်တိုက်နယ်ရှိ ရဲတပ် ရင်း ၃၂ မှာ ကျရှုံးလုနီးနေသည့်အတွက် စစ်ကောင်စီက ကာကင်းစခန်းများ ထပ်တိုးချထားပြီး အင်အားသစ်များပါ ထပ်မံဖြည့်တင်းနေခြင်းဖြစ်သည်။

စစ်ကောင်စီက အပစ်ရပ်ထားသည့်ကာလအတွင်း ပြိုင်စေ့ကေနှင့် မလကျွန်းတို့တွင် လူအင်အားဖြည့်ခြင်းနှင့် ကာကင်းစခန်းများ ဆောက်လုပ်ခြင်းတို့လုပ်ဆောင်ခဲ့ပြီး အဆိုပါနေရာများတွင် ဇူလိုင် ၁ ရက်နေ့မှစ၍ တိုက်ပွဲပြန်လည်ပြင်းထန်လာခဲ့သည်။