
ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်
ဇူလိုင်လ ၃ ရက်က အပန်းဖြေကျွန်း ဘာလီသို့ မောင်းနှင်တဲ့ ရေယာဉ်တစ်စင်း နစ်မြုပ်ခဲ့ရာ လူ ငါးဉီး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးခဲ့တယ်လို့ အင်ဒိုနီးရှား ဒေသန္တရအာဏာပိုင်တွေက ပြောပါ တယ်။
ဇူလိုင်လ ၂ ရက်မှာ အရှေ့ဂျာဗားပြည်နယ် ဘန်ယူဝမ်ဂီဆိပ်ကမ်းမှ ထွက်ခွာလာတဲ့ KMP Tunu Pratama Jaya ရေယာဉ်ဟာ ပင်လယ်ပြင်မှာ ပျောက်ဆုံးနေသူ ၂၉ ဉီးကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေပါတယ်။
ခရီးသည် ၅၃ ဉီး၊ အမှုထမ်း ၁၂ ဉီးနဲ့ မော်တော်ကား ၂၂ စင်း တင်ဆောင်လာတဲ့ အဆိုပါ ခရီး သည်တင်ရေယာဉ်ဟာ ဆိပ်ကမ်းမှထွက်ခွာပြီး ၂၅ မိနစ်ဝန်းကျင် ဒေသစံတော်ချိန် ၁၁ နာရီ ၂၀ မိနစ်မှာ နစ်မြုပ်ခဲ့တာလို့ အင်ဒိုနီးရှား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီက ပြောပါတယ်။
ဆော်ဒီအာရေးဘီးယားနိုင်ငံသို့ တရားဝင် ခရီးစဉ် ရောက်ရှိနေတဲ့ သမ္မတ ပရာဘိုဝိုဆူဘီယန်တို က အရေးပေါ် တုံ့ပြန်မှုတစ်ခု လုပ်ဆောင်ဖို့ အမိန့်ပေးခဲ့တယ်လို့ အစိုးရအဖွဲ့ အတွင်းရေးမှူး တက်ဒီအင် ဒရာဝီဂျာရာက ကြာသပတေးနေ့မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပြီး ရာသီဥတုဆိုးရွားမှု ကြောင့် ခရီးသည်တင်ရေယာဉ် နစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။
ရေတပ်နဲ့ရဲတပ်ဖွဲ့ အပါအဝင် အဖွဲ့ဝင် ၅၄ ဉီးပါတဲ့ ကယ်ဆယ်ရေးအဖွဲ့ကို လေသွင်း ကယ်ဆယ် ရေးလှေတွေနဲ့အတူ စေလွှတ်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းမှာ ကူညီဖို့ ဆူရာဘာယာမြို့မှ ရေယာဉ်ကြီး တစ်စင်း စေလွှတ်ခဲ့ပါတယ်။
ကယ်ဆယ်ရေးမှာ ကူညီဖို့ ရဟတ်ယာဉ်တစ်စင်း စေလွှတ်ခဲ့တယ်လို့ အင်ဒိုနီးရှား ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ မိုဟာမက်ဆာဖီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဘေးကင်းလုံခြုံမှုစံနှုန်း ညံ့ဖျင်းမှုနဲ့ ရာသီဉတု ဆိုးရွားမှုကြောင့် ကျွန်းပေါင်း ၁၇၀၀၀ ဝန်းကျင်နဲ့ ဖွဲ့စည်းထားတဲ့ အရှေ့တောင်အာရှရဲ့ ကျွန်းစုနိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားမှာ ရေကြောင်း မတော်တဆ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားပါတယ်။
မတ်လအတွင်းက လူ ၁၆ ဉီး တင်ဆောင်လာတဲ့ ကူးတို့လှေတစ်စင်း ဘာလီကျွန်းအလွန် ရေပိုင် နက်အတွင်း တိမ်းမှောက်ခဲ့ရာ သြစတြေးလျအမျိုးသမီးတစ်ဉီး သေဆုံးကာ တစ်ဉီး ဒဏ်ရာရရှိခဲ့ပါတယ်။
ကိုးကား – AFP
Ref; 5 dead, 29 missing after ferry sinks on way to Indonesia’s Bali