ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်

ယူကရိန်းသို့ လက်နက်အချို့ တင်ပို့မှု အမေရိကန်နိုင်ငံက ရပ်ဆိုင်းလိုက်တာကို ရုရှားနိုင်ငံက ကြိုဆိုလိုက်ပါတယ်။ လက်နက်တင်ပို့မှုနဲ့ပတ်သက်လို့ အမေရိကန်နဲ့ ဆွေးနွေးမှုတွေ စတင်ခဲ့တယ်လို့ ယူကရိန်းနိုင်ငံက ပြောပါတယ်။

အမေရိကန်နိုင်ငံက ယူကရိန်းသို့ စစ်လက်နက်တင်ပို့မှုအချို့ ရပ်ဆိုင်းလိုက်ပြီလို့ သမ္မတ ဒေါ် နယ်ထရမ့်အစိုးရက အင်္ဂါနေ့မှာ အတည်ပြုခဲ့ပါတယ်။

ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့ဗ်က အမေရိကန်ရဲ့လုပ်ရပ်ကို ကြိုဆိုခဲ့ပြီး ယူကရိန်းသို့ လက်နက်တင်ပို့မှုနည်းလေ အထူးစစ်ဆင်ရေး အမြန် အဆုံးသတ်လေလို့ ပြောပါတယ်။

အမေရိကန်နိုင်ငံနဲ့ ဆွေးနွေးမှုတွေ စတင်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော် ပြောခဲ့ပါတယ်။

ယူကရိန်းနဲ့အမေရိကန်ဟာ လေကြောင်းရန်ကာကွယ်ရေးစနစ် ထောက်ပံ့ဖို့ကိစ္စကို အသေးစိတ် ဆွေးနွေးနေတယ်လို့ ၎င်းက လူမှုကွန်ရက်မှာ ပြောပါတယ်။

အမေရိကန်ရဲ့ ယူကရိန်းသို့ စစ်လက်နက်တင်ပို့မှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် ရုရှားသမ္မတ ဗလာ ဒီမာပူတင်ရဲ့ စစ်ပွဲအနိုင်ရရှိရေး အယူအဆ ခိုင်မာလာစေမယ်လို့ အမေရိကန် ဉာဏ်ကြီးရှင်အဖွဲ့တစ်ခု ဖြစ်တဲ့ Institute for the Study of War က ပြောပါတယ်။

ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေပြီး ဇူလိုင်လတစ်လတည်း မှာပင် ယူကရိန်းမြို့ကြီးတွေကို တာဝေးသွားဒရုန်း ၅၄၃၈ စင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံက စစ်ရေးအကူအညီ ဆက်ပေး မပေး ယူကရိန်းနိုင်ငံက စိတ်ဝင်တစား စောင့် ကြည့်နေပါတယ်။

ကိုးကား – NHK
Ref; Russia welcomes US suspension of weapons shipments to Ukraine

#Ayeyarwaddy_Times