ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်

အီရန်နိုင်ငံက အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) နဲ့ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းမယ်လို့ သမ္မတ မာစွပ်ပီဇက်ကီယန်က ကြေညာလိုက်ပါတယ်။

IAEA နဲ့ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းတဲ့ဥပဒေဟာ အာဏာတည်ခဲ့ပြီဆိုတဲ့ မာစွပ်ရဲ့ ကြေ ညာချက်ကို အီရန် နိုင်ငံပိုင်ရုပ်သံဌာနက ဖော်ပြခဲ့ပါတယ်။

အီရန်ရဲ့ အချုပ်အခြာအာဏာ၊ နျူကလီးယားစက်ရုံနေရာတွေနဲ့ သိပ္ပံပညာရှင်တွေ ဘေးကင်းလုံ ခြုံမှုအပြင် ယူရေနီယမ်သန့်စင်ခွင့်နဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်က အသိအမှတ်ပြု ထားတဲ့ လုပ်ဆောင်ချက်တွေ အာမခံချက်ရှိသည်အထိ IAEA နဲ့ မည်သည့် ပူးပေါင်းဆောင်ရွက်မှုမှ မပြု လုပ်ဖို့ အီရန်လွှတ်တော်က ပြီးခဲ့တဲ့လမှာ အစိုးရကို တောင်းဆိုခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း အီရန်နိုင်ငံရှိ နေရာများစွာမှာ တွေ့ရှိခဲ့တဲ့ နျူကလီးယား ပစ္စည်းတွေဟာ အီရန်ရဲ့ မကြေညာသေ နျူကလီးယား အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစခဲ့တယ်လို့ မေ လအတွင်း ပြုစုခဲ့တဲ့ IAEA ရဲ့ အစီရင်ခံစာတစ်ခုက ဖော်ပြခဲ့ပါတယ်။

အဆိုပါအစီရင်ခံစာဟာ အီရန်နိုင်ငံကို တိုက်ခိုက်ဖို့ အစ္စရေးနိုင်ငံအတွက် ဆင်ခြေတစ်ခုဖြစ်ခဲ့ တယ်လို့ အီရန်နိုင်ငံက ပြောပါတယ်။

အီရန်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် IAEA ဟာ နျူကလီးယားစက်ရုံ နေရာတွေကို မစစ်ဆေးနိုင်သလို နိုင်ငံတကာအသိုင်းအဝိုင်းက အီရန်ရဲ့ နျူကလီးယား ဖွံ့ဖြိုးရေးအစီအ စဉ်ကို သံသယတွေ တိုးလာစေပါတယ်။

ဒါ့အပြင် အီရန်နဲ့ အမေရိကန်ကြား နျူကလီးယား ဆွေးနွေးမှုတွေ ပြန်စတင်မှုကို ထိခိုက်စေနိုင် ပါတယ်။

ကိုးကား – NHK
Ref; Iranian president announces his country will suspend cooperation with IAEA