
ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်
မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေ လွတ်မြောက်ရေး စစ်ကောင်စီနဲ့ ဆက်သွယ်ဖို့ လွှတ်တော်အမတ် အေဘရာဟမ်ဆရစ်ဂျာဂျာက အစိုးရကို တောင်းဆိုလိုက်ပါတယ်။
“မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ အင်ဒိုနီးရှားနိုင်ငံသားအားလုံး ကာကွယ်စောင့်ရှောက်မှု ရ ရှိဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ဇူလိုင်လ ၂ ရက်က ဂျကာတာမြို့ရှိ လွှတ်တော်အဆောက်အအုံ မှာ ၎င်းက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံသား အင်စတာဂရမ်ဆယ်လီတစ်ဉီးဟာ မြန်မာနိုင်ငံမှာ တော်လှန်ရေးတပ်ဖွဲ့ကို ငွေကြေးထောက်ပံ့မှုကြောင့် ဖမ်းဆီးခံထားရတယ်လို့ သူက ဆိုပါတယ်။
“သူဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ဆက်စပ်တဲ့ ကိစ္စရပ်တွေကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။ သူဟာ မြန်မာ တော်လှန်ရေးတပ်ဖွဲ့တွေကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲခံထားရလို့ လွတ်ငြိမ်းချမ်းသာခွင့် သို့မဟုတ် ပြည်နှင်ဒဏ်ပေးမှုရရှိဖို့ မြန်မာစစ်ကောင်စီကို ဆက်သွယ်ရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်” လို့ အေဘရာဟမ်ဆရစ်ဂျာဂျာက ပြောပါတယ်။
ဖမ်းဆီးခံရသူ အင်ဒိုနီးရှားနိုင်ငံသူမှာ AP ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၁ ရက် တရားဝင် ထုတ်ပြန်ချက်အရ သိရပါတယ်။
AP ဟာ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်ကာ စစ်ကောင်စီက တရားမဝင် အဖွဲ့အစည်းအ ဖြစ် သတ်မှတ်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုနဲ့ တွေ့ဆုံခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
အဆိုပါစွပ်စွဲချက်တွေကို အခြေခံပြီး AP ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေ၊ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ တရားမဝင် အသင်းအဖွဲ့ဆက်သွယ်မှုအက်ဉပဒေတွေ အပါအဝင် စွဲချက် များစွာ ရင်ဆိုင်နေရပါတယ်။
လက်ရှိမှာ AP ဟာ မြန်မာစစ်ကောင်စီရဲ့ လုံခြုံရေး အတင်းကြပ်ဆုံး အကျဉ်းထောင်တစ်ခုဖြစ် တဲ့ အင်းစိန်ထောင်မှာ အကျဉ်းကျနေပါတယ်။
ကိုးကား – Tempo
Ref; Parliament Pushes Government to Secure Release of Indonesians Held in Myanmar
#Ayeyarwaddy_Times