ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်

မြောက်ကိုရီးယားနိုင်ငံဟာ ယူကရိန်းကျူးကျော်စစ်မှာ ရုရှားနိုင်ငံအတွက် ကူတိုက်ပေးမယ့် ထပ် တိုးတပ်ဖွဲ့ဝင် ၂၅၀၀၀ မှ ၃၀၀၀၀ အထိ စေလွှတ်မယ်လို့ ယူကရိန်း ထောက်လှမ်းရေး သတင်းအရင်းအ မြစ်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ရုရှားသို့ မြောက်ကိုရီးယားစစ်သားတွေ ပို့ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ Ilyushin-76 သယ်ယူပို့ဆောင်ရေးလေယာဉ်တွေလို့ ယူဆရတဲဂြိုဟ်တုဓာတ်ပုံတွေကို CNN သတင်းဌာနက ဖော်ပြခဲ့ ပါတယ်။

အဆိုပါဂြိုဟ်တုဓာတ်ပုံတွေကို ဇွန်လ ၄ ရက်က မြောက်ကိုရီးယားနိုင်ငံရှိ လေဆိပ်တစ်ခုမှာ ရိုက် ကူးခဲ့တာပါ။
ရုရှားရဲ့ ယူကရိန်းတပ်ဖွဲ့တွေကို တိုက်ခိုက်မှုမှာ ကူညီဖို့ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို ရုရှားအ နောက်ပိုင်း ကာတ်စ်ဒေသသို့ စေလွှတ်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ရုရှားကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာလာခဲ့ပြီး မြောက် ကိုရီးယားဟာ ရုရှားသို့ ခဲယမ်းမီးကျောက်တွေနဲ့ လက်နက်ကြီးတွေ ထောက်ပံ့ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားသို့ တပ်ဖွဲ့ဝင် ၁၅၀၀၀ စေလွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ဧပြီလအတွင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားက တပ်ဖွဲ့ဝင်တွေ ထပ်မံ စေလွှတ်တာနဲ့ပတ်သက်လို့ ယူကရိန်းက စိုးရိမ်မှု တွေ မြင့်တက်နေပါတယ်။

ရုရှားသိမ်းပိုက် ယူကရိန်းနယ်မြေအချို့ရှိ တိုက်ပွဲတွေမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ပါဝင်လာ နိုင်ဖွယ်ရှိတယ်လို့ ယူကရိန်း တာဝန်ရှိသူတွေရဲ့ ထောက်လှမ်းရေးအကဲဖြတ်ချက်အရ သိရပါတယ်။

ကိုးကား – NHK
Ref; Ukraine: North Korea to send up to 30,000 more soldiers to Russia