ဧရာ၀တီတိုင်းမ်
ဇူလိုင် ၃ ရက်

ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသော ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးဝန်ကြီး ဆူရီယား ဂျန်ဂရန်ရီယန်ကစ် (Suriya Juangroongruangkit) နှင့် အဖွဲ့သည် ယနေ့ ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်းက အမ်ဖွန်စတန် နန်းတော် (Amphorn Sathan Residential Hall) သို့ ရောက်ရှိကာ ဘုရင်မင်းမြတ်ထံတွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။

ဝန်ကြီးချုပ် ဆူရီယားနှင့်အစိုးရသစ်အဖွဲ့သည် ထိုင်းဘုရင်မင်းမြတ်ထံတွင် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ယနေ့ မွန်းလွဲ ၂ နာရီတွင် အထူးအစိုးရအဖွဲ့အစည်းအဝေး တစ်ရပ် ကျင်းပမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ၏ တာဝန်ခွဲဝေမှုများကို ဆွေးနွေးဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ်အဖြစ်မှ ယာယီရပ်ဆိုင်းခြင်းခံထားရသော ပေထောင်တန်ရှင်နာဝပ် (Paetongtarn Shinawatra) )သည် လာမည့် ဇူလိုင် ၄ ရက်နေ့တွင် ယဉ်ကျေး မှုဝန်ကြီးဌာနသို့ သွားရောက်၍ ယဉ်ကျေးမှုဝန်ကြီးအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပေထောင်တန်က ပြန်လည်ဖြေကြားထားသည်။

ဓာတ်ပုံ-The Reoprters
ကိုးကား-The Reoprters(ထိုင်းသတင်းဌာန)