ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်

ထိုင်းနိုင်ငံက တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းမယ်လို့ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း အနေနဲ့ တရုတ်နိုင်ငံက မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက အင်္ဂါ နေ့မှာ ပြောကြားခဲ့ပါတယ်။

ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာကို ရာထူး မှဆိုင်းငံ့လိုက်တာနဲ့ပတ်သက်လို့ မေးမြန်းချက်တစ်ခုကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆို ခွင့်ရအမျိုးသမီး မော်နင်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အခုလို မှတ်ချက်ပြုခဲ့တာပါ။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆမ်နဲ့ နယ်စပ်အငြင်းပွားမှုနဲ့ပတ်သက်တဲ့ ဖုန်းပြောဆိုမှု ပေါက်ကြားပြီးနောက် ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်မှုစွဲချက်နဲ့ ထိုင်း ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ပေ ထောင်တန်ကို ရာထူးမှရပ်ဆိုင်းဖို့ မနေ့က ဆုံးဖြတ်ခဲ့တာပါ။

“ဒါဟာ ထိုင်းနိုင်ငံရဲ့ ပြည်တွင်းရေးတစ်ခုပါ။ အဲဒီအပေါ် ကျွန်မ မှတ်ချက်မပေးလိုပါဘူး။ ထိုင်း နိုင်ငံက တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းဖို့ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းအနေနဲ့ တရုတ် နိုင်ငံက မျှော်လင့်ပါတယ်” လို့ သူက ဆိုပါတယ်။

ပေါက်ကြား အသံဖိုင်ထဲမှာ ပေထောင်တန်က အမှတ် (၂) စစ်တိုင်းမှူးကို ရန်ဘက်အဖြစ် ပြော ဆိုခဲ့ပြီး ဟွန်ဆမ်ကို အလျှော့ပေးတာတွေကြောင့် အမျိုးသားရေးအစွန်းရောက်တွေက သူ့ကို ရာထူးမှ နှုတ်ထွက်ပေးဖို့ ဆန္ဒပြခဲ့ကြပါတယ်။

ဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီး ဆူရီယာဂျန်ဂရန်ရီယန်ကစ်ကို ယာယီဝန်ကြီးချုပ်အ ဖြစ် ခန့်အပ်ခဲ့ပြီး ၎င်းဟာ ဇူလိုင် ၃ ရက် အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ဉီးဆောင်မယ်လို့ သိရပါ တယ်။

ကိုးကား – Xinhua
Ref; China hopes Thailand will maintain stability, development: FM spokesperson