ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်

အာဏာသိမ်းစစ်ကောင်စီက တီမောလက်စ်‌‌တီနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ထောက်ခံမည်မဟုတ်ကြောင်း လက်ရှိအာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မလေးရှားနိုင်ငံသို့ အကြောင်းကြားထားပြီဖြစ်ကြောင်း ထိုင်းသတင်း မီဒီယာများထံက သိရသည်။

တီမောလက်စ်တီနိုင်ငံသည် အာဆီယံပဋိညာဉ်စာတမ်းတွင်ပါဝင်သည့် အခြားအဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်မဖက်ရေးမူဝါဒကို လိုက်နာရန်ပျက် ကွက်နေကြောင်းကို နေပြည်တော်ရုံးချုပ်မှ အာဆီယံဥက္ကဋ္ဌကို ပေးပို့ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်အုပ်ချုပ်ရးကောင်စီ(SAC)က တီမောလက်စ်တီ နိုင်ငံကို အာဆီယီအဖွဲ့ဝင်နိုင်ငံအစိုးရများနှင့် ပဋိပက္ခဖြစ်ပွားနေသည့် အဖွဲ့စည်းများ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ အဖွဲ့အစည်းများ နှင့်ထိတွေ့ဆက်ဆံခြင်းမပြုရန် တိုက်တွန်းထား ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်းကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် တီမောလက်စ‌‌တီနိုင်ငံကို အာဆီယံခေါင်းဆောင်များမှ လာမည့်အောက်တိုဘာတွင်ထပ်မံကျင်းပမည့် အစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုမည်ကြောင်း သဘောတူညီခဲ့ကြသည်။

ဆက်လက်ပြီး ထိုင်းသတင်းမီဒီယာ PBS World မှ သိရှိခွင့်ရခဲ့သည့် မြန်မာမှ အာဆီယံဥက္ကဋ္ဌနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ အကြောင်းကြားစာတွင် တီမောလတ်စ်တေနိုင်ငံ၏ မြန်မာနိုင်ငံ အပေါ်ချဉ်းကပ်မှုပေါ်လစီကို ပြန်လည်ပြင်ဆင်မှုမတိုင်ခင်အချိန်အထိ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုရေး စဉ်းစားပေးမှုကို ရပ်ဆိုင်းထားရန် ပါဝင်ကြောင်း သိရသည်။

တီမောလက်စ်တီ နိုင်ငံသည် အာဆီယံဒေသတွင်းနိုင်ငံများတွင် မြန်မာ့တော်လှန်ရေးကို ပွင့်လင်းစွာ ထောက်ခံသည့် နိုင်ငံတစ်ခုဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှလည်း သံအမတ်ကြီးအဆင့်ရှိသူတစ်ဦးကို ခန့်အပ်ထားပြီး သံတမန်ရုံး ဖွင့်လှစ်ထားကြောင်း သိရသည်။

ကိုးကား – Thai PBS World