ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်

အိန္ဒိယနိုင်ငံတောင်ပိုင်း တီလန်ဂါနာပြည်နယ်ရှိ ဓာတုစက်ရုံတစ်ခုမှာ တနင်္လာနေ့က အင်အား ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၃၆ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဆေးဝါးကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့ ဓာတုစက်ရုံမှာ ပေါက်ကွဲမှုဖြစ်ပွားချိန် လူ ၁၄၀ ဉီးခန့် အ လုပ်လုပ်ကိုင်နေတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိရသေးပေ။ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့မှ အာဏာ ပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ပြည်နယ်မြို့တော် ဟိုက်ဒရာဘတ်မြို့မှ ၅၀ ကီလိုမီတာအကွာ စက်မှုဇုန်အတွင်းရှိ အဆိုပါဓာ တုစက်ရုံမှ မီးလောင်သေဆုံးတဲ့အလောင်း ၃၄ လောင်းကို တွေ့ရှိခဲ့တယ်လို့ ပြည်နယ် မီးသတ်ဌာန ညွှန် ကြားရေးမှူး ဂျီဗွီနာရာယာနာက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ ပြည်နယ်အစိုးရက ကော်မတီတစ်ခု ဖွဲ့စည်းခဲ့တယ်လို့ သူက ဆိုပါတယ်။

၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဓာတုစက်ရုံတစ်ခုမှာ ပေါက်ကွဲမှုတစ်ခု ဖြစ် ပွားခဲ့ရာ လူရှစ်ဉီး သေဆုံးခဲ့ပါတယ်။

ဓာတုစက်ရုံတွေ မကြာခဏ ပေါက်ကွဲမှုဖြစ်တာကြောင့် ကုန်ထုတ်နယ်မြေတွေမှာ ဘေးကင်းလုံ ခြုံရေး စီမံခန့်ခွဲမှု ကောင်းမွန်စွာ ဆောင်ရွက်မှု ရှိ မရှိနဲ့ပတ်သက်လို့ မေးခွန်းတွေ ဖြစ်စေခဲ့တယ်လို့ လေ့ လာသူတွေက ပြောပါတယ်။

ကိုးကား – NHK
Ref; Chemical plant explosion in southern India leaves at least 36 dead, 30 injured