ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်

အီရန်နိုင်ငံရှိ နျူကလီးယားနေရာတွေအပေါ် အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေက အောင်မြင်ခဲ့ပြီး အနာဂတ် တုံ့ပြန်မှုတွေကို မူတည်ပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းနိုင်တယ်လို့ အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

အီရန်နိုင်ငံရှိ နျူကလီးယားနေရာတွေ ဆိုးရွားစွာ ပျက်စီးသွားခဲ့တယ်လို့ တနင်္ဂနွေနေ့က ထုတ် လွှင့်တဲ့ Fox News နဲ့ အင်တာဗျူးမှာ ၎င်းက ဆိုပါတယ်။

အီရန်နိုင်ငံဟာ အမေရိကန်ရဲ့ တိုက်ခိုက်မှုမခံရမီ နျူကလီးယားနယ်မြေတွေရှိ သန့်စင်ပြီး ယူရေ နီယမ်တွေကို မရွှေ့ပြောင်းနိုင်ခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုက အီရန်ရဲ့ နျူကလီးယားအစီအစဉ်ဟာ လအနည်းငယ်ကြာသည်အ ထိ နှောင့်နှေးစေခဲ့တယ်ဆိုသော အစောပိုင်း အကဲဖြတ်မှုတစ်ခုကို အမေရိကန်မီဒီယာအချို့က ဖော်ပြပြီး နောက် ၎င်းက အခုလို မှတ်ချက်ပြုတာပါ။

အီရန်နိုင်ငံက နျူကလီးယားအစီအစဉ်ကို ရှေ့ဆက်ပြီး မလုပ်ဆောင်သင့်ဘူးဆိုတဲ့ ရပ်တည်ချက် သူ့မှာရှိတယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

အီရန်နိုင်ငံက ငြိမ်းချမ်းမှုရှိပြီး အန္တရာယ်မပြုတော့ဘူးဆိုတာ ပြသနိုင်ပါက ဒဏ်ခတ်ပိတ်ဆို့မှု တွေ ရုတ်သိမ်းမယ်လို့ သူက ဆိုပါတယ်။

နျူကလီးယားအစီအစဉ်နဲ့ပတ်သက်လို့ သဘောတူညီချက်တွေပြုလုပ်ဖို့ ဒေါ်နယ်ထရမ့်က အီရန် ကို ဖိအားပေးနေပြီး တုံ့ပြန်မှုအပေါ် မူတည်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းနိုင်တယ်လို့ ပြောပါ တယ်။

ကိုးကား – NHK
Ref; Trump says Iran sanctions can be lifted depending on its response