
(ထိုင်း ထိပ်တန်းစစ်ခေါင်းဆောင်တွေက အာဏာမသိမ်းဖို့ ကတိပြုထားဟု ဆို)
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ ရက်
ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဖန်သမ်ဝီချာရာချိုင်းက စစ်အာဏာသိမ်းမှု ဖြစ်နိုင် တယ်ဆိုတဲ့ ထင်မြင်ယူဆချက်ကို ပယ်ချခဲ့ပြီး အစိုးရဆန့်ကျင်ရေးအဖွဲ့တွေရဲ့ မည်သည့်ရန်စမှု ရှိနေပါစေ ထိပ်တန်းစစ်ခေါင်းဆောင်တွေက အာဏာသိမ်းမယ့် ရည်ရွယ်ချက် မရှိဘူးလို့ ပြောပါတယ်။
ထိုင်းစစ်တပ်ဟာ လက်ရှိ စိန်ခေါ်မှုတွေကို ဒီမိုကရေစီနည်းလမ်းတွေမှတစ်ဆင့် ဖြေရှင်းနိုင်ရေးကူညီဖို့ အပြည့်အဝ သံန္နိဌာန်ချထားတယ်လို့ သူက ဆိုပါတယ်။
ကျွန်တော် လက်နက်ကိုင်တပ်ဖွဲ့လေးခုရဲ့ အကြီးအကဲတွေနဲ့ စကားပြောဆိုပြီးပါပြီ။ လက်ရှိအချိန်ဟာ အာဏာသိမ်းဖို့မဟုတ်ဘဲ တိုင်းပြည်ကို ကူညီရမယ့်အချိန်လို့ သူတို့ ယူဆပါတယ်။ အာဏာသိမ်း ဖို့ အတွေးဆိုတာ သူတို့စိတ်ထဲ ဘယ်တော့မှ မရှိခဲ့ပါဘူး လို့ ၎င်းက ဆက်ပြောပါတယ်။
ထိုင်း အမျိုးသားရေးဝါဒီတွေက စစ်တပ်ကို ကြားဝင်ဆောင်ရွက်ဖို့ တောင်းဆိုတဲ့ လူထုဆန္ဒပြပွဲ တစ်ခု ဖြစ်ပွားပြီးနောက် ဝီချာရာချိုင်းက အခုလို မှတ်ချက်ပြုခဲ့တာပါ။
ထိုင်းအစိုးရက နိုင်ငံ့အရေးတွေကို ဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လမ်းကြောင်းတွေမှ တစ်ဆင့် ဖြေရှင်းဖို့ အလေးထားခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
တိုင်းပြည်အတွက် အန္တရာယ်ဖြစ်စေတဲ့ ဆန္ဒပြခေါင်းဆောင်တွေရဲ့ နည်းဗျူဟာတွေကို သူက သ တိပေးခဲ့ပြီး ဆန္ဒပြခေါင်းဆောင်အများစုဟာ ယခင်လုပ်ရပ်တွေအတွက် ဥပဒေဆိုင်ရာ တရားစွဲဆိုမှုတွေ ရင်ဆိုင်နေရဆဲလို့ ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာရဲ့ လူကြိုက်များမှု ပထမနေရာမှ ပဉ္စမနေရာအထိ သိသိသာသာ ကျဆင်းမှုကိုပြသတဲ့ နောက်ဆုံးအကြိမ် လူထုစစ်တမ်းနဲ့ပတ်သက်လို့ မေးမြန်းရာမှာ ယင်းသို့သော လူထုထောက်ခံမှု အတက်အကျရှိမှုက နိုင်ငံရေးမှာ ဖြစ်နေကျလို့ သူက ဖြေကြားခဲ့ပါ တယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ပေထောင်တန်ကို ရာထူးမှ ရပ်ဆိုင်းနိုင်ချေရှိမှုနဲ့ပတ်သက်လို့ ထင်မြင်ယူဆချက်တွေ မဖော်ပြကြဖို့ ဝီချာရာချိုင်းက မီဒီယာတွေကို အကြံပြုခဲ့ပါတယ်။
ကိုးကား – The Straits Times
Ref; Thai defence chief rules out military coup, says top generals committed to democracy