
ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်
ရုရှားတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတာကြောင့် ယူကရိန်းနိုင်ငံ ကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်ရေး အမေရိကန် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ထပ်မံ အ ဆင့်မြှင့်ဖို့ လိုအပ်နေပြီလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ရုရှားနိုင်ငံဟာ ဒီသီတင်းပတ်တစ်ခုတည်းမှာပင် ဒုံးကျည် ၁၁၄ စင်း၊ ဒရုန်း ၁၂၇၀ စင်းနဲ့ တိုက် ခိုက်ခဲ့တယ်လို့ ၎င်းက တနင်္ဂနွေနေ့မှာ လူမှုကွန်ရက်၌ ရေးသားခဲ့ပါတယ်။
“လူ့အသက်တွေကို ကာကွယ်ဖို့ အကောင်းဆုံးဖြစ်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် အဆင့် မြှင့်ဖို့ ယူကရိန်းက လိုအပ်နေပါပြီ။ အမေရိကန်ထုတ် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ဝယ်ယူဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ” လို့ ပက်ထရီးယော့ဒုံးခွင်းစနစ်ကို ရည်ညွှန်းပြီး သူက ဆိုပါတယ်။
ရုရှားနိုင်ငံဟာ တနင်္ဂနွေနေ့မနက်အထိ ယူကရိန်းနိုင်ငံတစ်ဝှမ်း ဒုံးကျည် ၆၀ စင်း၊ ဒရုန်း ၄၇၇ စင်းနဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ယူကရိန်း လေကြောင်းရန်ကာကွယ်သူတွေက ဒုံးကျည်နဲ့ ဒရုန်းအများအပြားကို ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ယူကရိန်းအလယ်ပိုင်းမှာ ကလေးတစ်ဉီး အပါအ ဝင် လူခြောက်ဉီး ဒဏ်ရာရရှိခဲ့ပြီး တောင်ပိုင်းဒေသမှာ အခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ တယ်လို့ ဒေသန္တရမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
F-16 ဂျက်တိုက်လေယာဉ် မောင်းနှင်တဲ့ ယူကရိန်းလေယာဉ်မှူးတစ်ဉီး တိုက်ခိုက်မှုကို တွန်းလှန် ရင်း ကျဆုံးခဲ့တယ်လို့ ယူကရိန်းလေတပ်ဖွဲ့က ပြောပါတယ်။
ကိုးကား – NHK
Ref; Zelenskyy calls for more US anti-missile systems as Russian airstrikes continue