
ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်
စီးပွားရေးလုပ်ငန်းရှင်ကြီး အီလွန်မတ်စ်က ယခုအခါ ကွန်ဂရက်မှာ ရောက်နေပြီဖြစ်တဲ့ အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အသုံးစရိတ်ဥပဒေကြမ်းကို ပြင်းထန်စွာ ဝေဖန်ခဲ့ရာ တစ်ချိန်က အနီးကပ် မဟာမိတ်နှစ်ဉီးကြား ရန်စတွေ ပြန်စတင်လာဖွယ်ရှိပါတယ်။
အခွန်တိုးမြှင့်ကောက်ခံမှု အပါအဝင် အရေးပါတဲ့ အချက်အလက်တွေ ထည့်သွင်းထားတဲ့ အသုံး စရိတ်ဥပဒေကြမ်းကို အတည်ပြုဖို့ ဒေါ်နယ်ထရမ့်က ဖိအားပေးနေပါတယ်။
အဆိုပါဥပဒေက အမေရိကမှာ သန်းနဲ့ချီတဲ့ အလုပ်အကိုင်တွေကို ဖျက်ဆီးကာ တိုင်းပြည်အ တွက် မဟာဗျူဟာမြောက် အန္တရာယ်ဖြစ်စေမယ်လို့ စနေနေ့က လူမှုကွန်ရက်မှာ အီလွန်မတ်စ်က ရေး သားခဲ့ပါတယ်။ အသုံးစရိတ်ဥပဒေကြမ်းဟာ လုံးဝ ရူးသွပ်ပြီး အဖျက်သဘောဆန်တယ်လို့ သူက ဆိုပါ တယ်။
အီလွန်မတ်စ်ဟာ ပြီးခဲ့တဲ့နှစ် သမ္မတရွေးကောက်ပွဲနောက်ပိုင်း ဒေါ်နယ်ထရမ့်နဲ့ အနီးကပ်ဆက် ဆံရေး ခိုင်မာအောင်ကြိုးပမ်းခဲ့ပါတယ်။
အီလွန်မတ်စ်ဟာ မေလနှောင်းပိုင်းအထိ အထူးအစိုးရဝန်ထမ်းရာထူးနဲ့ အစိုးရအသုံးစရိတ် ဖြတ် တောက်ရေးမှာ ဒေါ်နယ်ထရမ့်အစိုးရရဲ့ ကြိုးပမ်းမှုတွေကို ဉီးဆောင်ခဲ့ပါတယ်။
ဘဏ္ဍာရေးလိုငွေပြမှု သိသိသာသာ တိုးမြှင့်တဲ့ အသုံးစရိတ်ဥပဒေကြမ်းကို အီလွန်မတ်စ်က ဝေ ဖန်ပြီးနောက် နှစ်ဉီးကြားဆက်ဆံရေး မြန်ဆန်စွာ ဆိုးရွားသွားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်အကြောင်း ပို့စ်အချို့နဲ့ပတ်သက်လို့ လူမှုကွန်ရက်ပေါ်တင်မိတာ နောင်တရတယ် လို့ အီလွန်မတ်စ်က ပြောကြားပြီးနောက် ၎င်းတို့နှစ်ဉီးကြား အပြန်အလှန် တိုက်ခိုက်တာ ပြီးဆုံးခဲ့ပါ တယ်။
ကိုးကား – NHK
Ref; Musk slams Trump’s spending bill, risking reigniting feud