
ဧရာ၀တီတိုင်းမ်
ဇွန် ၃၀ ရက်
ဧရာ၀တီတိုင်း၏မြို့တော် ပုသိမ်မြို့တွင် ဇွန်လ ၂၉ ရက်နေ့က ပြည်သူ့ပါတီ၏ ဧရာ၀တီတိုင်းရုံးနှင့် ပုသိမ်မြို့နယ်ရုံးခန်း ဖွင့်လှစ်ခဲ့ရာ ပါတီခေါင်းဆောင် ဦးကိုကိုကြီးနှင့် ပါတီတာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အာဏာသိမ်း စစ်ကောင်စီကကျင်းပမည့် ၂၀၂၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီက တိုင်းရုံးနှင့်မြို့နယ်ရုံးကို ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက်၊ ကုသိနာရုံလမ်းတွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲအကြိုကာလတွင် ပုသိမ်မြို့ အမှတ် ၃ ရပ်ကွက်၌ ပြည်သူ့ပါတီရုံး ဖွင့်လှစ်ခဲ့ပြီး လက်ရှိ ၂၀၂၅ ရွေးကောက်ပွဲအကြိုကာလတွင် အမှတ် ၆ ရပ်ကွက်သို့ ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဧရာ၀တီတိုင်းရှိ ပုသိမ်နှင့် လေးမျက်နှာ အပါအ၀င် မြို့နယ်အချို့၌ ၀င်ရောက်လှဥ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့သောပါတီတစ်ခုဖြစ်သည်။
ဓာတ်ပုံ – ပြည်သူ့ပါတီနှင့် ဦးဆန်းရွှေ