
ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်
အီရန်စစ်တပ် အကြီးတန်း အရာရှိတွေဟာ စနေနေ့က တင်းမာသော သတိပေးချက်တွေ ထုတ် ပြန်ခဲ့ပြီး အီရန်ကို အနာဂတ်မှာ တိုက်ခိုက်လာရင် ပြင်းထန်စွာ လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်လိုက်ပါ တယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မကြာသေးမီက ထုတ်ပြန်ချက်ဟာ အသိဉာဏ်မဲ့မှုအဖြစ် အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ရာမီဇန်ရှရစ်ဖ်က ပယ်ချခဲ့ပါတယ်။
“အီရန်နိုင်ငံရဲ့ အကျိုးစီးပွားတွေနဲ့ အခြေခံအဆောက်အအုံတွေ ထပ်မံ တိုက်ခိုက်ခံရရင် ဒီအချိန် မှာ ကျွန်တော်တို့ရဲ့ လက်တုံ့ပြန်မှုဟာ ကွဲပြားသွားမှာဖြစ်ပြီး အမေရိကန်အစိုးရ ပြိုကျတဲ့အထိ အရှိန်မြှင့် လာနိုင်ပါတယ်” လို့ ၎င်းက သတိပေးခဲ့ပါတယ်။
အီရန်နိုင်ငံ နောက်တစ်ကြိမ် တိုက်ခိုက်ခံရပါက ဒေသတွင်းရှိ အမေရိကန်သံတမန်တွေ၊ စစ်ဘက် တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေအားလုံး သတ်ဖြတ်ခံ သို့မဟုတ် ဖမ်းဆီးခံရမယ်” လို့ အီရန် တော်လှန် ရေးအစောင့်တပ်ဖွဲ့ ဒုတိယတပ်မှူး မိုဟာမက်ရီဇာနာဒီက သတိပေးပါတယ်။
ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ အီရန်ဉသျှောင် အယာတိုလာခါမေနီကို ပြတ်သားစွာ ဝေဖန်ခဲ့ ပြီး အီရန်က ယူရေနီယမ်သန့်စင်မှု ဆက်လုပ်ပါက နောက်တစ်ကြိမ် ဗုံးကြဲဖို့ စဉ်းစားမယ်လို့ သတိပေး ပြီးနောက် အီရန်စစ်ဘက်တာဝန်ရှိသူတွေက အခုလို တုံ့ပြန်ခဲ့တာပါ။
ဇွန်လ ၂၂ ရက်မှာ အမေရိကန်က အီရန်နိုင်ငံရှိ ဖော်ဒို နျူကလီးယားစက်ရုံကို ဘန်ကာခွင်းဗုံး (၆) လုံး ကြဲချခဲ့ကာ အခြားနေရာတွေကို ခရုဇ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်မှူးတွေ၊ နျူကလီးယား သိပ္ပံပညာရှင်တွေနဲ့ အရပ်သားတွေ အပါအဝင် အစ္စရေးရဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေရဲ့ ဈာပနအခမ်းအနားကို တက်ရောက်ဖို့ စနေနေ့အစော ပိုင်းမှာ ထောင်ချီတဲ့ အီရန်ပြည်သူတွေဟာ တီဟီရန်မြို့မှာ စုဝေးခဲ့ပါတယ်။
၁၂ ရက်ကြာ အစ္စရေး-အီရန် ပဋိပက္ခဟာ အမေရိကန်နိုင်ငံရဲ့ စေ့စပ်ညှိနှိုင်းမှုနဲ့ အဆုံးသတ်ခဲ့ပြီး အဆိုပါ အပစ်အခတ်ရပ်စဲရေးဟာ ဇွန်လ ၂၄ ရက်မှာ အာဏာတည်ခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; Iran warns of ‘crushing’ response if attacked again, slams Trump’s remarks as ‘nonsense’