ဧရာဝတီတိုင်းမ်
ဇွန် ၂၉ရက်

ဧရာ၀တီတိုင်းအတွင်းရှိမြို့နယ်အချို့တွင် ဇွန်လနောက်ဆုံးပါတ်အတွင်း လူငယ် ၁၀ ဦးအထက်ကို အုပ်ချုပ်ရေးမှူးများက ကြိုတင်အသိပေးခြင်းမရှိပဲ စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း​ သတင်းရရှိသည်။

ပုသိမ်၊ မြောင်းမြ၊ ကျုံပျော်၊ ရေကြည်နှင့်မအူပင်မြို့နယ်များတွင် လူငယ်များကို တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များမှ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စစ်မှုထမ်းရန်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“မြို့ပေါ်နေတဲ့သူထက်စာရင် ကျေးရွာမှာနေတဲ့သူတွေပါတာများတယ်။ အိမ်ကိုလာပြီးစစ်မှုထမ်းပါတယ်ဆိုပြီး၀င်ဆွဲသွားကြတာ” ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင်ခေါ်ဆောင်ခံရသူ လူငယ်များကို မြို့နယ်များရှိ စစ်ကောင်စီတပ်များအတွင်းတွင်ခေါ်ဆောင်ထားပြီးမိဘများနှင့် ဆက်သွယ်ခွင့်မပေးဘဲ းစစ်သင်တန်းဆင်းမှ ဆက်သွယ်ခွင့်ရမည်ဟု သိရသည်။

စစ်ကောင်စီမှ ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန်အတွက် ဧရာ၀တီတိုင်းအပါအ၀င် တိုင်းနှင့်ပြည်နယ် အချို့တွင် လူငယ်များကို အဓမ္မဝင်ရောက်ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်နေကြောင်း ဒေသခံပြည်သူများထံက သိရသည်။

#ဧရာ၀တီတိုင်း #တစ်ပါတ်အတွင်းလူငယ်၁၀ဦးကျော် #စစ်မှုထမ်းရန် #အဓမ္မခေါ်ဆောင်ခံရ #Ayeyarwaddy_Times