
ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်
ထောင်ချီတဲ့ဆန္ဒပြသူတွေဟာ စနေနေ့က ဗန်ကောက်မြို့တော်မှာ စုဝေးကာ ဝန်ကြီးချုပ် ပေ ထောင်တန်ရှင်နာဝပ်ထရာကို ရာထူးမှနှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
၂၀၂၃ ခုနှစ်မှာ ဖုထိုင်းပါတီ အာဏာရရှိလာပြီးနောက်ပိုင်း အကြီးမားဆုံး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲဖြစ်တဲ့ ယခုလူစုဝေးမှုဟာ ဇူလိုင်လအတွင်း အယုံအကြည်မရှိအဆို မဲခွဲမှုမတိုင်မီ စီးပွားရေးကျ ဆင်းမှု ရင်ဆိုင်နေရတဲ့ အသက် ၃၈ နှစ်အရွယ် ပေထောင်တန်အပေါ် ဖိအား တိုးစေပါတယ်။
အမျိုးသားရေး အစွန်းရောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ United Force of the Land ပါတီက ကမက ထ လုပ်တဲ့ ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေက အလံတွေ ဝှေ့ယမ်းကာ ပေထောင်တန်ကို ရာထူးမှနှုတ်ထွက်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဆန္ဒပြပွဲနဲ့ပတ်သက်လို့ စိုးရိမ်မှုမရှိဘဲ ဆန္ဒပြပွဲကို ငြိမ်းချမ်းမှုရှိစေရေး ဆောင်ရွက်ပေးဖို့ အာဏာ ပိုင်တွေကို ညွှန်ကြားခဲ့တယ်လို့ ပေထောင်တန်က ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း Bhumjaithai ပါတီက ညွန့်ပေါင်းအစိုးရအဖွဲ့မှ နှုတ်ထွက်ပြီးနောက် ယခု အခါ မဟာမိတ်အနည်းငယ်သာရှိတော့တဲ့ ပေထောင်တန်ဟာ လာမယ့်အပတ်မှာ လွှတ်တော်တွင်း အယုံ အကြည်မရှိအဆို မဲခွဲမှု ရင်ဆိုင်ရတော့မှာပါ။
ပေထောင်တန်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆမ်ကြား ဖုန်းပြောဆိုမှု ပေါက်ကြား ပြီးနောက် ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့မှုကို အန္တရာယ်ရှိစေနိုင်တယ်ဟုဆိုကာ Bhumjaithai ပါတီဟာ ညွန့်ပေါင်းအစိုးရအဖွဲ့မှ နှုတ်ထွက်ခဲ့ပါတယ်။
ဖုန်းပြောဆိုမှု ပေါက်ကြားမှုကြောင့် ပေထောင်တန်ကို စုံစမ်းစစ်ဆေးဖို့ အထက်လွှတ်တော်အ မတ်အချို့က ဖွဲ့စည်းပုံဆိုင်ရာခုံရုံးနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။
ရှင်နာဝပ်ထရာမိသားစုရဲ့ မဟာမိတ်ဟောင်းတစ်ဉီးဖြစ်သူ ဟွန်ဆမ်က ဇွန်လ ၂၇ ရက် နာရီချီ ကြာ ရုပ်သံမိန့်ခွန်းမှာ ပေထောင်တန်နဲ့မိသားစုအပေါ် မကြုံစဖူး လူသိရှင်ကြား တိုက်ခိုက်ခဲ့ပြီး ထိုင်းနိုင် ငံမှာ အစိုးရအပြောင်းအလဲတစ်ရပ်လုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဟွန်ဆမ်ရဲ့မိန့်ခွန်းဟာ လိုတာထက်ပိုတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံက နှစ်နိုင်ငံအငြင်းပွားမှုကို သံတမန်ရေးအရ ဖြေရှင်းရတာ ပိုနှစ်သက်တယ်လို့ ဆိုပါတယ်။
ကိုးကား – Reuters
Ref; Thai protesters call for Prime Minister Paetongtarn’s resignation
#Ayeyarwaddy_Times