
ဧရာဝတီတိုင်းမ်
ဇွန်လ ၂၉ ရက်
မကြာသေးမီက အမေရိကန်နဲ့ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အီရန်နိုင်ငံရှိ နျူကလီး ယားနယ်မြေတွေ ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အရာချီက ဝန်ခံ လိုက်ပါတယ်။
ထိခိုက်ပျက်စီးမှု အကဲဖြတ်ခြင်းကို အီရန် အဏုမြူစွမ်းအင်အဖွဲ့အစည်းက ဆောင်ရွက်နေတယ် လို့ ၎င်းက နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနတစ်ခုသို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တိုင်းပြည်ရဲ့ နျူကလီးယားအစီအစဉ်တွေ မပျက်စီးခဲ့ဘူး လို့ အစောပိုင်းမှာ အီရန်ဉသျှောင် အယာတိုလာခါမေနီက ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုံးကြဲတိုက်ခိုက်မှုတွေရဲ့ သက်ရောက်မှုကို ချဲ့ကားပြောဆို ခဲ့တယ်လို့ ဇွန်လ ၁၃ ရက်မှာ စတင်ခဲ့တဲ့ အစ္စရေးနဲ့စစ်ပွဲနောက်ပိုင်း ပုန်းအောင်းနေခဲ့တဲ့ ခါမေနီက ဆိုပြီး အမေရိကန်နဲ့အစ္စရေးအပေါ် အောင်ပွဲရခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
အမေရိကန်နိုင်ငံနဲ့ နျူကလီးယား ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ အစီအစဉ်တွေ မရှိတဲ့အပြင် အစ္စရေးက တိုက်ခိုက်မှုတွေ စတင်ချိန်မှာ ခြောက်ကြိမ်မြောက် ဆွေးနွေးဖို့ စီစဉ်ထားတာကို ဖျက်သိမ်းခဲ့ တယ်လို့ အဘတ်စ်အရာချီက ပြောပါတယ်။
အီရန်နိုင်ငံကို စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့ ပြန်ခေါ်ဖို့ ကြိုးပမ်းမှုအဖြစ် အမေရိကန်အစိုးရဟာ အရပ်ဘက်စွမ်းအင်ထုတ်လုပ်မယ့် နျူကလီးယားစက်ရုံတစ်ခု တည်ဆောက်ဖို့ ဒေါ်လာ ၃၀ ဘီလီယံ ရရှိ ရေး၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျှော့ရေးနဲ့ ကန့်သတ်ထားတဲ့ အီရန်ပိုင်ငွေကြေး ဒေါ်လာဘီလီယံချီ ပြန်ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ နျူကလီးယားအစီအစဉ်တွေ သိသာစွာ ပျက်စီးခဲ့ တယ်လို့ အမေရိကန်နဲ့အစ္စရေး စုဆောင်းထားတဲ့ ထောက်လှမ်းရေး အချက်အလက်တွေက ဖော်ပြခဲ့ တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က ပြောပါတယ်။
ကိုးကား – BBC
Ref; Iranian foreign minister admits serious damage to nuclear sites
#Ayeyarwaddy_Times