
ဧရာဝတီတိုင်းမ်
ဇွန် ၂၈ ရက်
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာဟာ ကမ္ဘောဒီးယား နိုင်ငံကူးလက်မှတ်ကို အ သုံးပြုပြီး ထိုင်းနိုင်ငံမှ ထွက်ပြေးခဲ့တယ်လို့ ကမ္ဘောဒီးယား လွှတ်တော်ဉက္ကဌ ဟွမ်ဆန်က သောကြာနေ့ မှာ ပြောကြားခဲ့ရာ အိမ်နီးချင်း အာဆီယံနှစ်နိုင်ငံကြား တင်းမာမှုတွေ ပိုမြင့်တက်စေပါတယ်။
“ကျွန်တော် ယင်လတ်ကို သနားခဲ့ပါတယ်။ သူက အခုထိ ကမ္ဘောဒီးယား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး ပြည်ပမှာ နေထိုင်နေပါတယ်။ သူဟာ အစ်ကိုဖြစ်သူကြောင့် ဒုက္ခရောက်ခဲ့ရသလို အခု လည်း တူမဖြစ်သူကြောင့် ဒုက္ခရောက်ရပြန်ပါပြီ။ ကျွန်တော် ထုတ်မပြောချင်ပေမယ့် ပြောရပါမယ်” လို့ ဟွမ်ဆန်က ပြောကြားခဲ့ပါတယ်။
စင်ကာပူမှ ဆီယမ်ရိမြို့သို့ လေကြောင်းနဲ့ရောက်လာခဲ့တဲ့ ယင်လပ်ကို ထိုင်း-ကမ္ဘောဒီးယားနယ် စပ်အနီး ပွိုင်ပက်မှ ပို့ဆောင်ခဲ့တာလို့ ၎င်းက ဆက်ပြောပါတယ်။
“လေယာဉ်ဆင်းဆင်းချင်း ယင်လပ်က ကားထဲကို ချက်ချင်း ဝင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ အမှန် တရား ထွက်ပေါ်လာပါပြီ” လို့ သူက ရှင်းပြပါတယ်။
ယင်လပ်ဟာ အာဏာသိမ်းမှုတစ်ခုမှာ ဖြုတ်ချမခံရမီ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ထိုင်းနိုင်ငံ ရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ယင်လပ်ရဲ့တူမဖြစ်သူ ထိုင်းလက်ရှိဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာကို စိတ်ပျက်မိ တယ်လို့ ဟွမ်ဆန်က ဆိုပြီး “သူက သူ့စစ်တပ်ကို စော်ကားလို့ရပေမယ့် ကျွန်တော့်ကို စော်ကားလို့မရ ဘူး” လို့ ပြောပါတယ်။
ပေထောင်တန်က ကမ္ဘောဒီးယားနဲ့ နယ်စပ်တင်းမာမှုနဲ့ပတ်သက်လို့ ထိုင်းစစ်တပ်ကို ဝေဖန် ထားတဲ့ ဟွမ်ဆန်နဲ့ ဖုန်းပြောဆိုမှု ပေါက်ကြားပြီး နောက် ၎င်းက အခုလို မှတ်ချက်ပြုခဲ့တာပါ။
အဆိုပါ ပေါက်ကြားခဲ့တဲ့ ဖုန်းပြောဆိုမှုဟာ ထိုင်းနိုင်ငံမှာ နိုင်ငံရေးကစဉ့်ကလျား ဖြစ်စေခဲ့ပြီး အ တိုက်အခံတွေက ပေထောင်တန်ကို ရာထူးမှနှုတ်ထွက်ဖို့ တောင်းဆိုနေကြပါတယ်။
မေလ ၂၈ ရက်က နယ်စပ်တစ်လျှောက် နှစ်နိုင်ငံတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ကမ္ဘောဒီးယားစစ်သားတစ်ဉီး သေဆုံးပြီးနောက်ပိုင်း ထိုင်းနဲ့ကမ္ဘောဒီးယားကြား တင်းမာမှုတွေ မြင့် တက်ခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; Cambodia’s Senate president claims former Thai Premier Yingluck fled home using Cambodian passport
#Ayeyarwaddy_Times