ဧရာဝတီတ်ိုင်းမ်
ဇွန် ၂၈ ရက်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ သပြေချောင်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ငွေတောင်းယူပြီး အဆိုပါ ငွေကြေးများကို ကေတီဗွီတွင်သုံးဖြုန်းနေကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီခန့် သပြေချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ဦးဇာနည်မောင်ဖြစ်ပြီး ကြံ့ခိုရေးပါတီ စည်းရုံးရေးမှူး ညွှန့်ဝင်းလှိုင်နှင့်ပေါင်းကာ ပြည်သူ့စစ်မှုထမ်း ထောက်ပံ့ရန်အတွက်ဟုဆိုကာ နေအိမ်တိုင်းကို လစဥ်ငွေတောင်းယူသည်ဟု ဒေသခံများကပြောဆိုသည်။

“လစဉ်ငွေတောင်းပီး KTV သွားတယ်။ ဘီယာသောက်တယ်။ မဟုတ်တာတွေပါ လုပ်တယ်။ အပတ်စဥ်ရယ်မဟုတ်ဘူး၊ သူအသုံးပြတ် ပိုက်ဆံကုန်ရင်ထပ်တောင်းတာ။ သူ့အကြောင်း သတင်းဌာနတစ်ခုမှာ တက်တုန်းကလည်း ရွာထဲကလူတွေကို စစ်တပ်ခေါ်ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်တယ်”ဟု ဝါးခယ်မမြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်က်ိုပြောသည်။

အုပ်ချုပ်ရေးမှူး ဦးဇာနည်မောင်သည် ပြည်သူ့စစ်မှုထမ်းမပါသည့် နေအိမ်များကို သုံးသောင်းကျပ်တောင်းယူပြီး ပြည်သူ့စစ်မှုထမ်းအကြုံးဝင်သည့် နေအိမ်များကို သိန်းချီ၍ ပေးဆောင်ရသည်ဟု ဒေသခံများကပြောသည်။

ထို့အပြင် ဦးဇာနည်မောင်သည် ပြည်သူ့စစ်မှုထမ်းအကြုံးဝင်သည့် ၎င်း၏သားဖြစ်သူကို ထိုင်းနိုင်ငံသို့ပို့ဆောင်ထားပြီး ကျေးရွာအတွင်း ကျန်ရှ်ိနေသည့်လူငယ်များကိုသာ အဓမ္မစစ်မှုထမ်းခိုင်းနေသည့်အတွက် လူငယ်အများစုမှာ ထွက်ပြေးတိမ်းရှောင်းနေကြရကြောင်း ဒေသခံများကပြောဆ်ိုသည်။

“ငွေတောင်းတဲ့ကိစ္စတွေကို PDF ကိုတိုင်မယ်လို့ သတင်းတွေထွက်တော့ PDFဆိုတာလေပဲရှိတာ၊ ဘယ်ကောင်မှ မကြောက်ဘူးအမြဲပြောတယ်။ ကြိုက်တဲ့ကောင်လာလို့လည်းစိန်ခေါ်တယ်”ဟု ဒေသခံတစ်ဦးကဆက်လက်ပြောဆိုသည်။

စစ်ကောင်စီခန့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအများစုသည် စစ်မှုထမ်အကြောင်းပြ၍ ငွေတောင်းယူမှုများပြုလုပ်နေသော်လည်း ဆွေမျိုးတော်စပ်သူများကို ငွေတောင်းယူမှု မပြုလုပ်သည့်အပြင် ၎င်းတို့နှင့်နီးစပ်သူများ၏ သားသမီးများက်ိုလည်း စစ်မှုထမ်း အမည်စာရင်းမပေးကြောင်း ဒေသခံများကပြောသည်။

ဧရာဝတီတိုင်းတွင် ၂၆ မြို့နယ်ရှိပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအများစုမှာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ငွေတောင်းယူမှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာကြပြီး ကိုယ်ကျိုးအတွက်အသုံးပြုကာ ကြီးပွားချမ်းနေကြကြောင်း ဧရာဝတီတိုင်းရှိ ဒေသခံများပြောဆိုသည်။

ဓာတ်ပုံ-ပေးပို့
ပုံစာ-သပြေချောင်းအုပ်ချုပ်ရေးမှူး ဦးဇာနည်မောင်

#ဝါးခယ်မ #ကျေးရွာအုပ်ချုပ်ရေးမှူး #ပြည်သူ့စစ်မှုထမ်း #ငွေတောင်းယူ #ကေတီဗွီ
#Ayeyarwaddy_Times