ဧရာဝတီတိုင်းမ်
ဇွန် ၂၈ ရက်

မြောက်ကိုရီးယားနိုင်ငံဟာ ဇူလိုင် သို့မဟုတ် ဩဂုတ်လမှာ ရုရှားသို့ တပ်ဖွဲ့ဝင်တွေ ထပ်မံ စေ လွှတ်ဖွယ်ရှိတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ရုရှားကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တာနဲ့ပတ်သက်လို့ အမျိုး သား ထောက်လှမ်းရေးဌာနက ကြာသပတေးနေ့မှာ တောင်ကိုရီးယားလွှတ်တော်၊ ထောက်လှမ်းရေး ကော်မတီထံ တင်ပြခဲ့တာပါ။

မြောက်ကိုရီးယားနိုင်ငံဟာ ဇူလိုင် သို့မဟုတ် ဩဂုတ်လမှာ ရုရှားသို့ တပ်ဖွဲ့ဝင်တွေ ထပ်မံ စေ လွှတ်နိုင်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ရုရှားသို့စေလွှတ်မယ့် တပ်ဖွဲ့ဝင်ရွေးချယ်မှုလုပ်ငန်းစဉ် စတင်ပြီလို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂျီရှိုအီဂူဟာ ဇွန်လ ၁၇ ရက်က ပြုံယမ်းမြို့တော်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ရုရှားနိုင်ငံအနောက်ပိုင်း ကာတ်စ်ဒေသ ပြန်လည်တည်ဆောက်ရေးမှာ ကူညီဖို့ တပ်ဖွဲ့ဝင် ၆၀၀၀ စေလွှတ်ဖို့ ကင်ဂျုံအန်က ဆုံးဖြတ်ခဲ့တယ်လို့ ရှိုအီဂူက ပြောပါတယ်။

ရုရှားသို့ ခဲယမ်းမီးကျောက် ၁၀ သန်းနဲ့ ဒုံးကျည်တွေ ပေးပို့ဖို့ မြောက်ကိုရီးယားနိုင်ငံက သင်္ဘော တွေ၊ စစ်လေယာဉ်တွေ စုရုံးထားတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက ပြောပါတယ်။

ရုရှားကလည်း မြောက်ကိုရီးယားသို့ လေကြောင်းခွင်းဒုံးတွေ၊ အီလက်ထရောနစ်စနစ်တွေ ထောက်ပံ့ကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နေတယ်လို့ သိရပါတယ်။

ကိုးကား – NHK
Ref; S.Korea intelligence: N.Korea sending more soldiers to Russia in July or August

#Ayeyarwaddy_Times