
ဧရာဝတီတိုင်းမ်
ဇွန် ၂၇ ရက်
ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်အတွင်းရှိ အိပ်ပျက်ကျေးရွာအုပ်စုတွင် ဧရာ၀တီမြစ်ရေတိုက်စားမှုမှကာကွယ်ရန် ကမ်းထိန်းနံရံများတည်ဆောက်ထားသော်လည်း ကမ်းပြိုကျမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်းသိရှိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ရက်နေ့က မြစ်ရေတိုက်စားမှုကြောင့် ပေ ၁၀၀ခန့် ကမ်းပါးပြိုကျမှုများ ဖြစ်ပွားခဲ့ပြီးဆက်တိုက်ပြိုကျမည်ကို ဒေသခံများမှစိုးရိမ်နေကြသည်။
“ကမ်းထိန်းနံရံတွေက ဆောက်နေရင်းနဲ့ကို ကမ်းပါးကအိကျနေတာပဲ ၊သတိနဲ့တော့နေရတာပေါ့ ။ ဖြစ်လာရင်ရွှေ့ပြောင်းဖို့ပြင်ဆင်ထားရတယ်”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။
အိပ်ပျက်ကျေးရွာအုပ်စုတွင် နှစ်စဥ်ကမ်းပြိုကျကာ နေအိမ်များရွှေ့ပြောင်းနေရမှုကြောင့်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ကမ်းထိန်းနံရံများတည်ဆောက်သော်လည်းဆက်လက်ပြိုကျနေဆဲဖြစ်ကြောင်းသိရှိရသည်။
ဧရာ၀တီတိုင်းတွင် မိုးတွင်းကာလအတွင်း မြစ်ရေတိုက်စားမှုများကြောင့်နေအိမ်များ၊ လမ်းများပျက်စီးဆုံးရူံးမှုနှစ်စဉ်ကြုံတွေ့နေရသည်။
မကြာသေးခင်ကလည်း ကမ်းပါးပြိုကျမှုကြောင့် အဂ်ပူမြို့နယ်အတွင်းရှိ အဂ်ပူညောင်ကျိုးလမ်းကို ပိတ်ထားရသည်။
#င်္ဟသာတမြို့ #မြစ်ရေတိုက်စားမှုကာကွယ်ရန် #ကမ်းထိန်းနံရံများတည်ဆောက်ထားသော်လည်း #ထပ်မံပြိုကျနေ
#Ayeyarwaddy_Times