ဂျပန်နဲ့ကန်တပ်ဖွဲ့တွေက Javelin တင့်ဖျက်ဒုံးတွေ အသုံး ပြုပြီး ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၉ ရက်
ဂျပန်နဲ့ အမေရိကန်တပ်ဖွဲ့တွေက Javelin တင့်ဖျက်ဒုံးတွေ ပစ်ခတ်တာပါဝင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို စတင်လိုက်တယ်လို့ သိရပါတယ်။
Javelin ဒုံးပစ်စနစ်ဆိုတာ အမေရိကန်နိုင်ငံက ယူကရိန်းသို့ ထောက်ပံ့ခဲ့တဲ့ သယ်ဆောင်ရလွယ်ကူသော လက်နက်တစ်မျိုးဖြစ်ပါတယ်။
ကျူးရှူးဒေသက လေ့ကျင့်ရေးကွင်းတွေမှာ မနေ့က စတင်ခဲ့တဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုတွေမှာ ဂျပန်တပ် ဖွဲ့ဝင် ၁၄၀၀ ခန့်နဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၇၀၀ ခန့် ပါဝင်လေ့ကျင့်နေပါတယ်။
ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုတွေက ဂျပန်နိုင်ငံရဲ့ ဝေးလံခေါင်ဖျားဒေသမှာရှိတဲ့ ကျွန်းစုတွေကို ကာကွယ်နိုင်မယ့် တုံ့ပြန်မှုစွမ်းရည် တိုးတက်လာစေဖို့ ရည်ရွယ်ပါတယ်။
မီဒီယာတွေကို ထုတ်ဖော်ပြသခဲ့တဲ့ ကူမာမိုတိုစီရင်စုက ယာမာတိုမြို့မှာပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတစ် ခုမှာ ဂျပန်နဲ့အမေရိကန်တပ်ဖွဲ့ဝင် ၁၅၀ လောက် ပါဝင်ခဲ့ပါတယ်။
အမေရိကန်တပ်ဖွဲ့တွေက နှစ်ကီလိုမီတာအကွာမှာရှိတဲ့ ပစ်မှတ်တွေကို Javelin ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ်ပြခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ ဂျပန်နိုင်ငံမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေက Javelin ဒုံးကျည်တွေ အသုံးပြုပြီး ပထမဆုံး ကျည်အစစ်သုံးတဲ့ စစ်ရေးလေ့ကျင့်မှုဖြစ်ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေက ကိယက်ဗ်မြို့တော်ကို ရုရှားရဲ့ကျူးကျော်စစ်မှ ကာကွယ်ရာမှာ Javelin ဒုံးကျည် တွေကို အသုံးပြုခဲ့ပါတယ်။
စက်တင်ဘာလ ၃ ရက်အထိ ပြုလုပ်မယ့် ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း ဂျပန်တပ်ဖွဲ့တွေက အခြား တင့်ဖျက်ဒုံးကျည်တွေကိုလည်း ပစ်ခတ်ခဲ့ပါတယ်။
ဓာတ်ပုံ – Getty
ကိုးကား – NHK
Ref; Japan, US carry out live-fire drills using Javelin anti-tank missiles