
ဧရာဝတီတိုင်းမ်
ဇွန် ၂၇ ရက်
မြန်မာစစ်ကောင်စီရဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်းပြုလုပ် မယ့် ရွေးကောက်ပွဲဟာ မရေရာသောမျှော်လင့်ချက်တစ်ခုလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလ သမဂ္ဂ အထူးအစီရင်ခံစာတင်ပြသူ တွမ်အန်ဒရူးက ပြောကြားလိုက်ပါတယ်။
“တရားဝင် အရပ်သားအစိုးရတစ်ရပ်ဖြစ်ဖို့ မရေရာတဲ့မျှော်လင့်ဖြစ်တဲ့ ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ မြန်မာစစ်ကောင်စီက ကြိုးစားနေပါတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၉ ကြိမ်မြောက် အစည်းအဝေးမတိုင်မီ ၎င်းက ပြောပါတယ်။
“အတိုက်အခံတွေကို အကျဉ်းချ၊ နှိပ်စက်၊ ကွက်မျက်ရင် ဒါမှမဟုတ် သတင်းထောက်တစ်ဉီးက အမှန်တရားကိုဖော်ထုတ်လို့ တရားမဝင်ရင် ဒါမှမဟုတ် စစ်ကောင်စီကိုဝေဖန်လို့ တရားမဝင်ရင် ရွေး ကောက်ပွဲတစ်ရပ် ကျင်းပလို့မရပါဘူး” လို့ သူက ဆိုပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်ကို လိမ်လည်မှု တစ်ခုအဖြစ် ခေါ်ဆိုသင့်ကြောင်း၊ မြန်မာစစ်ကောင်စီ ရှင်သန်ဖို့ ငွေကြေး၊ လက်နက်နဲ့ တရားဝင်မှု လို အပ်ကြောင်း ၎င်းက ထောက်ပြပါတယ်။
“စစ်ကောင်စီရဲ့ လိုအပ်ချက်သုံးခုကို ငြင်းဆန်ခြင်းအားဖြင့် မြန်မာပြည်သူတွေကို ပိုမို ပံ့ပိုးကူညီ ဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုမှု ငြင်းဆန်ခြင်းအားဖြင့် မြန်မာပြည် သူတွေကို ကူညီနိုင်မယ့် အခွင့်အလမ်းတွေ ရှိလာပါလိမ့်မယ်” လို့ သူက ဆက်ပြောပါတယ်။
ရွေးကောက်ပွဲဟာ နိုင်ငံတကာရဲ့ဖိအားကို ထွက်ပေါက်ရှာတဲ့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုလို့ တွမ်အန်ဒရူးက ပြောပါတယ်။
“ကမ္ဘာ့နိုင်ငံတွေက မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်ကို ပယ်ချပြီး အသိအမှတ်မပြု ဖို့ တစ်ကယ်ကို အရေးကြီးပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Anadolu
Ref; UN special rapporteur calls planned election of Myanmar’s military junta ‘mirage’
#Ayeyarwaddy_Times