
ဧရာဝတီတိုင်းမ်
ဇွန် ၂၇ ရက်
အစ္စရေးနဲ့အီရန်ကြား စစ်ပွဲမှာ ပြီးဆုံးသွားပြီဖြစ်ကာ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ဆွေး နွေးဖို့ လာမယ့်အပတ်မှာ အီရန် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ စီစဉ်နေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
“ကျွန်တော်တို့ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ပါတယ်။ ကျွန်တော်တို့ တောင်းဆိုနေတဲ့ တစ်ခုတည်းသောအရာက နျူကလီးယားလက်နက်ကို မလိုလားတာပါ” လို့ ၎င်းက သ တင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမေရိကန်နိုင်ငံက တနင်္ဂနွေနေ့မှာ အီရန်ရှိ နျူကလီးယားနေရာသုံးခုကို တိုက်ခိုက်ပြီးနောက် ဆွေးနွေးမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။
အီရန် နျူကလီးယားအစီအစဉ်ရဲ့ အရေးပါတဲ့အစိတ်အပိုင်းဟာ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ ဖွယ်မရှိဘူးလို့ ပေါက်ကြားခဲ့တဲ့ အမေရိကန် ထောက်လှမ်းရေးအစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က အဆိုပါသတင်းတွေကို ပယ်ချခဲ့ပြီး ပစ်မှတ်တွေကို အတိအကျ ထိမှန်ခဲ့တယ် လို့ ပြောပါတယ်။
ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံရှိ နျူကလီးယားနယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှုတွေကို ဒု တိယကမ္ဘာစစ် နောက်ဆုံးနေ့ရက်တွေက အဏုမြူဗုံးကြဲမှုတွေနဲ့ ကိုးကားပြခဲ့ပါတယ်။
“အဏုမြူဗုံးတွေကြောင့် ဒုတိယကမ္ဘာစစ် အဆုံးသတ်ခဲ့တာပါ။ ဟီရိုရှီးမားဖြစ်စဉ်ကို နမူနာတစ် ခုအဖြစ် ကျွန်တော် အသုံးမချချင်ပါဘူး။ ဒါပေမယ့် ဒါတွေက တူညီတဲ့ဖြစ်စဉ်တွေပါ” လို့ သူက ဆိုပါ တယ်။
သည်ဟိဂ်မြို့တော်မှာကျင်းပတဲ့ နေတိုးထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်နေစဉ် ၎င်းက အခုလို မှတ်ချက်ပြုခဲ့တာပါ။
ကိုးကား – NHK
Ref; Trump says US-Iran nuclear talks may happen next week
#Ayeyarwaddy_Times