
ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်
တရုတ်ရဲ့ မီးခိုးရောင်ဇုန်အတွင်း အနှောင့်အယှက်ပေးမှုကို လက်တုံ့ပြန်ဖို့ ဇူလိုင်လအတွင်းပြု လုပ်မယ့် စစ်ရေးလေ့ကျင့်မှုမှာ စံချိန်တင် အရံတပ်ဖွဲ့တွေ ပါဝင်မယ်လို့ ထိုင်ဝမ်က ပြောကြားလိုက်ပါ တယ်။
တရုတ်က ထိုင်ဝမ်အပေါ် စစ်ရေးဖိအား တိုးလာတာကြောင့် ထိုင်ဝမ်လက်နက်ကိုင်တပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့ Han Kuang စစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လ ၉ ရက်မှ ၁၈ ရက်အထိ ပြုလုပ်မယ်လို့ ထိုင် ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
စစ်ရေးလေ့ကျင့်မှုတွေမှာပါဝင်ဖို့ အရံတပ်ဖွဲ့ဝင် ၂၂၀၀၀ ဆင့်ခေါ်သွားမှာဖြစ်ရာ ၂၀၂၄ ခုနှစ်က ဆင့်ခေါ်ခဲ့တဲ့ ၁၄၆၄၇ ဉီးထက် များလာခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူက လွှတ်တော်ကို ပြောပါတယ်။
“ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်ရေး တိုက်ခိုက်ရေးစွမ်းရည် အပြည့်အဝ ပြန်ရဖို့ အရံတပ်မ တစ်ခုအတွက် အချိန်ဘယ်လောက်ကြာမလဲဆိုတာကို အတည်ပြုဖို့ဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
အသိသာဆုံး အပြောင်းအလဲမှာ မီးခိုးရောင်ဇုန်အတွင်း ကျူးကျော်လာနိုင်မှုအပေါ် လက်တုံ့ပြန်မှု ဖြစ်ပြီး စစ်ရေးအရှိန်မြှင့်မှု ပုံစံတူလေ့ကျင့်မယ်လို့ သူက ဆက်ပြောပါတယ်။
တရုတ်ဟာ ထိုင်ဝမ်အနီး ဂျက်တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေနဲ့ ကမ်းခြေစောင့်သင်္ဘော တွေ ပုံမှန် စေလွှတ်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ် ခဲ့ပါတယ်။
ထိုင်ဝမ်အရံတပ်ဖွဲ့ဝင်တွေဟာ နှစ်ပတ်ကြာ လေ့ကျင့်ရေးအစီအစဉ် ပြုလုပ်ရမှာဖြစ်ပြီး ၁၀ ရက် ကို စစ်ရေးလေ့ကျင့်ရမှာဖြစ်ပါတယ်။
၂၀၂၇ ခုနှစ် Han Kuang စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်ရဲ့ ကျူးကျော်လာနိုင်မှုအတွက် ဖြစ် နိုင်ချေကို ပုံစံတူလေ့ကျင့်မယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက မတ်လအတွင်း ပြောကြားခဲ့ပါ တယ်။
တရုတ်က ၂၀၂၇ ခုနှစ်မှာ ထိုင်ဝမ်ကို ကျူးကျော်လာနိုင်တယ်လို့ ထိုင်ဝမ်ရဲ့ အဓိက ထောက်ခံသူ နဲ့ အကြီးမားဆုံး စစ်လက်နက် ထောက်ပံ့သူ အမေရိကန်နိုင်ငံက ယခင် ပြောကြားခဲ့ဖူးပါတယ်။
ကိုးကား – The Straits Times
Ref; Taiwan says military drills will involve largest call-up
#Ayeyarwaddy_Times