ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်

ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ထိုင်းသံရုံးမှဦးစီးကာ ထိုင်းယဉ်ကျေးမှုမြှင့်တင်ရေး ဈေးရောင်း ပွဲတော်ကို ပြီးခဲ့သည့် ဇွန် ၂၁ နှင့် ၂၂ ရက်နေ့တို့က ကျင်းပခဲ့ပြီး ထိုင်းကုန်စည်ဘတ် နှစ်သန်း‌ဖိုးရောင်းရကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက ထုတ်ပြန်သည်။

အဆိုပါပွဲတော်တွင် ထိုင်းအနုပညာရှင်များ တက်ရောက်ဖျော်ဖြေခဲ့ကြပြီး ထိုင်းရိုးရာအကများ၊ အစားအစာများ ချက်ပြုတ်ပြသမှုများနှင့်အတူ မြန်မာနိုင်ငံတွင် ရောက်ရှိနေပြီဖြစ်သည့် ထိုင်းထုတ် ကုန်စည်များကို ရောင်းချခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ နာမည်ကြီးအနုပညာရှင်များဖြစ်သော Num Kala, Perth – Santa, Aou – Boom တို့ ပါဝင်ခဲ့ကြသည့်အပြင် မြန်မာနိုင်ငံမှ မင်းသား အလင်းရောင် နှင့် Food Vlogger ဟိဏ်းသစ် တို့လည်း တက်ရောက်ခဲ့ကြသည်။

ထို့ပြင် T – Pop Star ထိုင်းသီချင်းဆိုပြိုင်ပွဲကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။

ထို့ပြင်ထိုင်းအစားအစာများဖြစ်သော တုံရမ်းကွန့် ( ပုစွန်တုံရမ်း) ၊ သရက်သီးကောက်ညှင်း အချိုပွဲ ချက်ပြုတ်ခြင်းတို့ကို ပြသခဲ့ကြောင်း ထိုင်းသံရုံးထုတ်ပြန်ချက်အရသိရသည်။

အဆိုပါပြပွဲတွင် ထိုင်းအနုပညာရှင်များကိုချစ်ခင် အားပေးကြသူများနှင့် ဈေးဝယ်လိုသူ မြန်မာပြည်သူ ၆၀၀၀ ဦးခန့်ပါဝင်ရောက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် ၎င်း၏ အနုပညာနှင့် အစားအစာတို့ဖြင့် ထိုင်းနိုင်ငံ၏ Soft Power ကို မြန်မာနိုင်ငံတွင် ပြသလျက်ရှိသည်။

သို့သော်လည်း တစ်ဖက်တွင်မူ မြန်မာ – ထိုင်းနယ်စပ် မဲဆောက်မြို့တွင် နေထိုင်သူ မြန်မာနိုင်ငံသား များကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေအပါအဝင် အခြားသောအကြောင်း ပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးခြိမ်းခြောက်လျက်ရှိကြောင်း ထိုင်းရောက်မြန်မာများထံမှ သိရသည်။

ဓာတ်ပုံ – ထိုင်းသံရုံး၊ လူမှုကွန်ရက်
#ထိုင်းကုန်စည်အရောင်းပွဲတော် #ထိုင်းယဉ်ကျေးမှုမြှင့်တင်ရေး #ထိုင်းအနုပညာရှင်တက်ရောက် #Ayeyarwaddy_Times