ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်

ယဗြိတိန်နိုင်ငံက နျူကလီးယားလက်နက်တွေ သယ်ဆောင်နိုင်တဲ့ F-35A ဂျက်တိုက်လေယာဉ် တစ်ဒါဇင် ဝယ်ယူဖို့ စီစဉ်နေတယ်လို့ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတန်မာက F-35A ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူမှုကို ကြေညာမှာ ဖြစ်ပြီး ဗြိတိန်လေတပ်ဖွဲ့က စစ်အေးခေတ်နောက်ပိုင်း ပထမဆုံးအဖြစ် နျူကလီးယားလက်နက်တွေ သယ်ဆောင်နိုင်တဲ့ ဂျက်တိုက်လေယာဉ်တွေ ပိုင်ဆိုင်တော့မှာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ နျူကလီးယား ဟန့်တားရေးစွမ်းရည်ဟာ ရေငုပ်သင်္ဘောမှလွှတ်တင်တဲ့ ဒုံးကျည် တွေမှာ အကန့်အသတ်တွေ ရှိနေပါတယ်။

“ဒီ F-35A ဂျက်တိုက်လေယာဉ်တွေဟာ ကမ္ဘာ့ထိပ်တန်း တော်ဝင်လေတပ်ဖွဲ့အတွက် ခေတ်သစ် တစ်ခုကို ရောက်ရှိစေမှာဖြစ်သလို ဗြိတိန်နဲ့ မဟာမိတ်တွေကို ခြိမ်းခြောက်မှုတွေကနေ ဟန့်တားနိုင်မှာ ပါ” လို့ ကီယာစတန်မာက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ကြေညာချက်ကို နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရုတေးက ထုတ်ပြန်ချက် တစ်ခုအတွင်း ကြိုဆိုခဲ့ပြီး နေတိုးအဖွဲ့အတွက် ဗြိတိန်နိုင်ငံရဲ့ ကူညီထည့်ဝင်မှုလို့ ဆိုပါတယ်။

အမေရိကန်ကုမ္ပဏီ လော့ဟိမာတင်က ထုတ်လုပ်တဲ့ F-35A ဂျက်တိုက်လေယာဉ်ဟာ လက်ရှိ ဗြိ တိန်လေတပ် အသုံးပြုနေတဲ့ F-35B ဂျက်တိုက်လေယာဉ်နဲ့ တူညီပေမယ့် နျူကလီးယားဗုံးတွေအပြင် သမားရိုးကျလက်နက်တွေ သယ်ဆောင်နိုင်ပါတယ်။

အမေရိကန်၊ ဂျာမနီနဲ့ အီတလီအပါအဝင် နေတိုးအဖွဲ့ဝင် ခုနှစ်နိုင်ငံဟာ အမေရိကန်ရဲ့ B61 နျူ ကလီးယားထိပ်ဖူးတွေ သယ်ဆောင်နိုင်တဲ့ ဂျက်တိုက်လေယာဉ်တွေ ပိုင်ဆိုင်ထားပါတယ်။

F-35A ဂျက်တိုက်လေယာဉ်တွေကို နေတိုးအဖွဲ့ရဲ့ မစ်ရှင်တွေမှာ စေလွှတ်မှာဖြစ်လို့ နေတိုးအဖွဲ့ ရဲ့ နျူကလီးယား ဟန့်တားမှုကို မြှင့်တင်ပေးမယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

F-35A ဂျက်တိုက်လေယာဉ်တွေကို မာဟန် လေတပ်အခြေစိုက်စခန်းမှာ အခြေစိုက်မှာဖြစ်ပြီး ဗြိ တိန်နိုင်ငံမှာ အလုပ်အကိုင်နေရာ ၂၀၀၀၀ ခန့် ဖန်တီပေးနိုင်မယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ကိုးကား – Aljazeera
Ref; UK to buy 12 F-35A fighter jets capable of carrying nuclear weapons

#Ayeyarwaddy_Times