
ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်
ရုရှားသမ္မတ ဗလာဒီမာပူတင်က နေတိုးခေါင်းဆောင်တွေကို ဝေဖန်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ လက် နက်ပြိုင်ပွဲတစ်ခုကို အရှိန်မြှင့်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
သည်ဟိဂ်မြို့မှာ နှစ်ရက်တာကျင်းပမယ့် နေတိုးထိပ်သီးဆွေးနွေးပွဲမတိုင်မီ တနင်္လာနေ့က မော် စကိုမြို့တော်မှာ သူက အခုလို မိန့်ခွန်းပြောခဲ့တာပါ။
“ဒါဟာ ကမ္ဘာလုံးဆိုင်ရာ စစ်ရေးပဋိပက္ခနဲ့ လက်နက်ပြိုင်ဆိုင်မှု အရှိန်မြှင့်စေတာကို မီးမောင်း ထိုးပြတာပါ” လို့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့ နေတိုးအဖွဲ့ခေါင်းဆောင်တွေ သဘောတူညီနိုင်မှု ကို ၎င်းက မှတ်ချက်ပြုပါတယ်။
နေတိုးအဖွဲ့ခေါင်းဆောင်တွေဟာ ရုရှားက ဉရောပတိုက်ကို ကျူးကျော်နိုင်မှုနဲ့ပတ်သက်လို့ ဇာတ်လမ်းတစ်ခုကို လုပ်ကြံပြောဆိုခဲ့ပြီး ပြည်သူတွေကို အထင်မှားစေတယ်လို့ ပူတင်က ပြောပါတယ်။
“ပထဝီနိုင်ငံရေး တင်းမာမှုတွေ အရှိန်မြှင့်နေစဉ် ရုရှားနဲ့ မဟာမိတ်တွေရဲ့ လုံခြုံရေးကို တိုးမြှင့် မယ့် သင့်တော်သောအစီအမံတွေ လုပ်ဆောင်ဖို့ ကျွန်တော်တို့ သံန္နိဌာန်ချထားသလို ရုရှားရဲ့ အချုပ်အ ခြာအာဏာနဲ့ လွတ်လပ်သော ဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်စောင့်ရှောက်ဖို့ စစ်တပ်ကို ခေတ်မီအောင် လုပ်ဆောင်သွားပါမယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ အင်္ဂါနေ့က ယူကရိန်းအရှေ့ပိုင်း Dnipro မြို့ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ ရာ လူ ၂၁ ဉီး သေဆုံးခဲ့ပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုက နေအိမ်တွေ၊ စာသင်ကျောင်းတွေနဲ့ လူ ၅၀၀ ခန့် သယ်ဆောင် လာတဲ့ ခရီးသည်တင်ရထားတစ်စင်းကို ထိမှန်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ထိုတိုက်ခိုက်မှုဟာ ရုရှားရဲ့ လူအသေအပျောက်များတဲ့ နောက်ထပ်တိုက်ခိုက်မှုလို့ သူက ခေါ်ဆို ခဲ့ပြီး ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ကိုးကား – NHK
Ref; Putin criticizes NATO plan for boosting defense spending
#Ayeyarwaddy_Times