ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်

အကြမ်းဖက်မှု အဆုံးသတ်ရေး၊ လူသားချင်းစာနာမှု အကျပ်အတည်း လျှော့ပါးစေရေးနဲ့ ရေရှည် ငြိမ်းချမ်းရေးကို ပံ့ပိုးကူညီရေးကို အလေးထားကာ ဆိုးရွားလာတဲ့ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံအဖွဲ့ နဲ့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (OIC) ကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ မ လေးရှားနိုင်ငံက တောင်းဆိုလိုက်ပါတယ်။

မလေးရှားနိုင်ငံက မြန်မာ့အရေးကို အလွန်အမင်း စိုးရိမ်မိပြီး ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်သို့ ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့ လိုအပ်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မို ဟာမက်ဟတ်ဆန်က တနင်္ဂနွေနေ့မှာ တူရကီနိုင်ငံ၌ကျင်းပတဲ့ ရိုဟင်ဂျာဆွေးနွေးပွဲမှာ ပြောပါတယ်။

“မြန်မာပဋိပက္ခ ဖြေရှင်းရာမှာ အပြုသဘောဆောင်တဲ့ နည်းလမ်းတစ်ခုလုပ်ဆောင်ဖို့ မလေးရှား နိုင်ငံက သံန္နိဌာန်ချထားပါတယ်။ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးမှုပြုလုပ်ဖို့၊ အကြမ်းဖက်မှုတွေ ရပ်စဲဖို့နဲ့ လူသားချင်းစာနာမှု အကူအညီပေးမှု အရှိန်မြှင့်ဖိုဆိုတဲ့ အရေးပါတဲ့နယ်ပယ်သုံးခု ခွဲခြားထားပါ တယ်” လို့ သူက ဆိုပါတယ်။

မလေးရှားနိုင်ငံက OIC အဖွဲ့ဝင်တွေနဲ့ သက်ဆိုင်သူတွေကြား ပိုမို ထိတွေ့ဆက်ဆံမှုကို အားပေး ပြီး အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ လူသားချင်းစာနာမှုအကျပ်အတည်း ဖြေလျှော့ရေးနဲ့ မြန်မာနိုင်ငံ မှာ ငြိမ်းချမ်းရေးရရှိရေးကို အလေးထားပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

မလေးရှားနိုင်ငံဟာ အာဆီယံ အထူးကိုယ်စားလှယ် အော့သမန်ဟာရှင်းမှတစ်ဆင့် မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့တယ်လို့ မိုဟာမက်ဟတ်ဆန်က ရှင်းပြပါတယ်။

ယင်းသို့သော ထိတွေ့ဆက်ဆံမှုက လူသားချင်းစာနာမှု အကူအညီပေးမှုလိုမျိုး ဉီးစားပေးလုပ် ငန်းတွေအတွက် ပိုမို နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသော လုပ်ဆောင်ချက်ဖြစ် လာမယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Bernama
Ref; Malaysia intensifies efforts for peace in Myanmar, urges OIC to boost relief aid and support ceasefire

#Ayeyarwaddy_Times