ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်

ဧရာ၀တိီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဈေးဆိုင်ပိုင်ရှင်များ ကုန်ပစ္စည်းများ၀ယ်ယူရန်အတွက် အုပ်ချုပ်ရေးမှူး ထောက်ခံစာရယူနေရကြောင်း ဒေသခံများထံက သိရသည်။

သာပေါင်းမြိုနှင့်ရေကြည်မြို့များသို့ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများမှာယူရန်အတွက် အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်စာပါမှစစ်ဆေးရေးဂိတ်များမှ ခွင့်ပြုပေးခြင်းဖြစ်သည်။

“ကျွန်တော်တိုရွာမှာတော့ ဈေးမှာဖို့ထောက်ခံစာလုပ်ရင် တစ်စောင်တစ်သောင်းပဲ ၊ မဟုတ်ရင် သယ်လို့မရဘူး “ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကို ပြောသည်။

သာပေါင်း-မကျီးဇင် ကားလမ်းအနီး ကျေးရွာများတွင် အာရက္ခတပ်တော်AAပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရိက္ခာများပို့ဆောင်သည်ဟုဆိုကာ ယခုကဲ့သို့ ကန့်သတ်နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများမှပြောသည်။

ဧရာ၀တီတိုင်းရှိ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်များတွင် အာရက္ခတပ်တော်AA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီမှ ကုန်သယ်ယူခွင့်ကန့်သတ်ခြင်း၊ လုပ်ငန်းရှင်များကို ထောက်ပံသည်ဟုစွပ်စွဲကာ ဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

#သာပေါင်းမြို့နယ် #ကျေးရွာအချို့ #ကုန်ပစ္စည်း၀ယ်ယူရန် #အုပ်ချုပ်ရေးမှူးထံ #ထောက်ခံစာပြုလုပ်ရ
#Ayeyarwaddy_Times