ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်

အစ္စရေးနိုင်ငံကို စိတ်ပျက်မိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောခဲ့ပြီး အစ္စရေးနဲ့အီရန်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးနဲ့အီရန်က ဘာတွေလုပ်နေတယ်ဆိုတာ မသိဘူးလို့ သည်ဟိဂ်မြို့မှာကျင်းပမယ့် နေတိုး ထိပ်သီးဆွေးနွေးပွဲသို့ မထွက်ခွာမီ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အီရန်-အစ္စရေး အပစ်အခတ်ရပ်စဲရေး ချိုးဖောက်တဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် သူက အခုလို ပြောကြားခဲ့တာပါ။ အစ္စရေးနဲ့ အီရန်တို့အကြား ၁၂ ရက်ကြာ စစ်ပွဲကို အဆုံးသတ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ အင်္ဂါနေ့မှာ စတင် အသက်ဝင်ခဲ့တာပါ။

အီရန်က သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ဆိုကာ တီဟီရန်မြို့ကို တိုက်ခိုက်ဖို့ အစ္စရေး ကာကွယ် ရေး ဝန်ကြီး အစ္စရေးကာတ်ဇ်က အစောပိုင်းမှာ စစ်တပ်ကို အမိန့်ပေးခဲ့ပါတယ်။

အီရန်က အစ္စရေးရဲ့ပြောဆိုချက်ကို ငြင်းဆန်ကာ မည်သည့်တိုက်ခိုက်မှုကိုမဆို ပြတ်သားစွာ လက်တုံ့ပြန်ဖို့ ကတိပြုလိုက်ပါတယ်။

အပစ်အခတ်ရပ်စဲရေးကို ကနဉီးမှာ ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပြီး အီရန်က အရင်ဆုံး အပစ်အ ခတ်ရပ်စဲကာ နောက်ထပ် ၁၂ နာရီအကြာမှာ အစ္စရေးက အပစ်အခတ်ရပ်စဲရမှာဖြစ်ပါတယ်။

အီရန်နိုင်ငံဟာ ဇွန်လ ၂၃ ရက်က ကာတာနိုင်ငံရှိ အမေရိကန် စစ်ဘက်အခြေစိုက်စခန်းတစ်ခုကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ရာ တင်းမာမှုတွေ မြင့်တက်လာစေခဲ့ပါတယ်။

အမေရိကန်ကျောထောက်နောက်ခံပြု အစ္စရေးစစ်တပ်က အီရန်ကို ဇွန်လ ၁၃ ရက်မှစပြီး တိုက် ခိုက်ခဲ့ရာ အီရန်က အစ္စရေးကို လက်တုံပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကိုးကား – Anadolu
Ref; US president says both Iran, Israel violated ceasefire

#Ayeyarwaddy_Times