ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်

အာဏာရ ညွန့်ပေါင်းအဖွဲ့ပါတီတွေက ထိုင်းအစိုးရကို ထောက်ခံနေဆဲပဲလို့ ထိုင်းဝန်ကြီးချုပ် ပေ ထောင်တန်ရှင်နာဝပ်ထရာက ပြောပါတယ်။

ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆမ်နဲ့ ဖုန်းပြောဆိုမှု ပေါက်ကြားမှုကြောင့် ရာထူးမှ နှုတ်ထွက်ဖို့ တောင်းဆိုမှုတွေရှိလင့်ကစား ပြဿနာတစ်ခုရှိလာပါက ညွန့်ပေါင်းအစိုးရအဖွဲ့ဟာ အောက် လွှတ်တော်မှာ မဲအနည်းငယ်နဲ့ အသာစီးရမှာဖြစ်ပါတယ်။

ပေထောင်တန်ဟာ တနင်္ဂနွေနေ့က ဗန်ကောက်မြို့တော်မှာ ညွန့်ပေါင်းပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ထိရှလွယ်သောကာလတစ်ခု ရှေ့ဆက်ရေးမှာ ညွန့်ပေါင်းအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုက အ ရေးပါသော အင်အားစုတစ်ခု ဖြစ်လာမယ်လို့ ၎င်းက လူမှုကွန်ရက် Facebook မှာ ရေးသားခဲ့ပါတယ်။

နယ်စပ်အငြင်းပွားနဲ့ပတ်သက်လို့ ဟွန်ဆမ်နဲ့ ဖုန်းပြောဆိုမှု လူသိရှင်ကြားဖြစ်ပွားပြီးနောက် ပေ ထောင်တန်အပေါ် ဖိအားတွေ တိုးလာခဲ့ပါတယ်။

အဆိုပါဖုန်းပြောဆိုမှုမှာ ပေထောင်တန်က ဒေသဆိုင်ရာ ထိုင်းကြည်းတပ်မှူးတစ်ဉီးကို ‘ဆန့် ကျင်ဘက်’ အဖြစ် ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

ပေထောင်တန်က ဖုန်းပြောဆိုမှု ပေါက်ကြားမှုကြောင့် တောင်းပန်ခဲ့ပေမယ့် ညွန့်ပေါင်းအစိုးရ အဖွဲ့မှာ ဒုတိယအင်အားအကြီးမားဆုံးပါတီ Bhumjaithai က နှုတ်ထွက်ခဲ့ပါတယ်။

ပေထောင်တန်နဲ့ ဖုထိုင်းပါတီက ကျန်ရှိသောပါတီတွေနဲ့ အစိုးရအဖွဲ့ အပြောင်းအလဲတစ်ခုပြု လုပ်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး အတိုက်အခံ ပြည်သူ့ပါတီက လွှတ်တော်ကိုဖျက်သိမ်းဖို့ ဆက်လက် တောင်းဆိုနေပါတယ်။

ကိုးကား – NHK
Ref; Thai prime minister claims coalition support after gaffe

#Ayeyarwaddy_Times