
ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးနဲ့အီရန်ကြား ၁၂ ရက်ကြာ စစ်ပွဲ ပြီးဆုံး တော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယနေ့ ပြောပါတယ်။
“အစ္စရေးနဲ့အီရန်ကြား အပြီးတိုင် အပစ်အခတ်ရပ်စဲဖို့ အပြည့်အဝ သဘောတူခဲ့ပါတယ်” လို့ ဒေါ် နယ်ထရမ့်က လူမှုကွန်ရက်မှာ ပြောပါတယ်။
အစ္စရေးက တိုက်ခိုက်မှုတွေ ရပ်တန့်ရင် အီရန်ကလည်း ရပ်တန့်မယ်လို့ အီရန် နိုင်ငံခြားရေးဝန် ကြီး အဘတ်စ်အရာချီက ပြောပါတယ်။ ဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့ အီရန်ခေါင်းဆောင် အယာတိုလာခါမေ နီရဲ့ အခန်းကဏ္ဍကို ရှင်းလင်းစွာ မသိရပါဘူး။
အီရန်နိုင်ငံက အညံ့မခံဘူးလို့ ခါမေနီက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ စစ်ပွဲအဆုံးသတ်ဖို့ သဘောတူခဲ့တယ်ဆိုတာကို အစ္စရေးနိုင်ငံက အတည်မပြုခဲ့ပါဘူး။
အပစ်အခတ်ရပ်စဲရေး သဘောတူဖို့ ဒေါ်နယ်ထရမ့်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာ ဟုနဲ့ တိုက်ရိုက် ဆက်သွယ်ခဲ့တယ်လို့ အိမ်ဖြူတော် အကြီးတန်း အရာရှိတစ်ဉီးက ပြောပါတယ်။
ဒုတိယသမ္မတ ဂျေဒီဗန့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ် တို့ဟာ တိုက်ရိုက် သို့မဟုတ် တိုက်ရိုက်မဟုတ်သော လမ်းကြောင်းတွေမှတစ်ဆင့် အီရန်နဲ့ ဆက်သွယ်ခဲ့ တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ကာတာနိုင်ငံရှိ အမေရိကန်စစ်စခန်းတစ်ခုကို ရည်ရွယ်ကာ အီရန်က ဒုံးကျည်တိုက်ခိုက်မှုနဲ့ အမေရိကန်နိုင်ငံကို လက်တုံ့ပြန်ဖို့ ကြိုးပမ်းပြီးနောက် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့တာပါ။
အမေရိကန်နဲ့ မဟာမိတ်တွေကို လက်တုံ့ပြန်ဖို့ ကြိုတင်သတိပေးတဲ့အတွက် အီရန်နိုင်ငံကို ကျေးဇူးတင်တယ်လို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က အီရန် နျူကလီးယားနယ်မြေတွေကို တိုက်ခိုက်ဖို့ ညွှန်ကြားပြီးနောက် ကာတာ နိုင်ငံ၊ အယ်လ်အူဒိတ် လေတပ်အခြေစိုက်စခန်းရှိ အမေရိကန်တပ်ဖွဲ့တွေကို အီရန်ရဲ့တိုက်ခိုက်မှုဟာ အမေရိကန်အပေါ် ပထမဆုံး တိုက်ရိုက် လက်တုံ့ပြန်မှုဖြစ်လာပါတယ်။
အီရတ်နဲ့ အာဖဂန်နစ္စတန်စစ်ပွဲကာလတွေအတွင်း အမေရိကန်စစ်တပ် အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်ဖြစ်ခဲ့တဲ့ အယ်လ်အူဒိတ် လေတပ်အခြေစိုက်စခန်းကို အီရန်က ဒုံးကျည် ၁၄ စင်းနဲ့ တိုက်ခိုက်ခဲ့တယ် လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ကိုးကား – AP
Ref; Trump holds out Israel-Iran ceasefire deal as validation for his gamble of US airstrikes
#Ayeyarwaddy_Times