
ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်
အီရန်နိုင်ငံရှိ နျူကလီးယားနယ်မြေတွေ တိုက်ခိုက်ခံရပြီးနောက် အမေရိကန်နိုင်ငံကို လက်တုံ့ ပြန်ဖို့ အီရန်သမ္မတ မာစွတ်ပီဇက်ကီယန်က သတိပေးလိုက်ပါတယ်။
ကျူးကျော်တိုက်ခိုက်မှုကြောင့် အမေရိကန်နိုင်ငံဟာ လက်တုံ့ပြန်မှုခံရမယ်လို့ ပြင်သစ်သမ္မတ အီ မန်နျူရယ်မေခရွန်နဲ့ ဖုန်းပြောဆိုချိန်မှာ ပီဇက်ကီယန်က ပြောကြားခဲ့တယ်လို့ အီရန်သမ္မတရုံးက ပြောပါ တယ်။
အီရန်နိုင်ငံက စစ်ပွဲကို မစတင်ခဲ့ပေမယ့် တိုက်ခိုက်ခံခဲ့ရပြီး ကျူးကျော်သူတွေကို ခုခံကာကွယ် မယ်လို့ ၎င်းက ဆိုကြောင်း အီရန်သမ္မတရုံးက ဆက်ပြောပါတယ်။
အမေရိကန်စစ်တပ်ဟာ တနင်္ဂနွေနေ့က အီရန်နိုင်ငံအလယ်ပိုင်း နာတန့်ဇ်၊ အစ်ဖာဟန်နဲ့ ဖော်ဒိုး ရှိ နျူကလီးယားနယ်မြေသုံးခုကို တိုက်ခိုက်ခဲ့ပါတယ်။ ဖော်ဒိုးမြို့မှာ မြေအောက် ယူရေနီယမ်သန့်စင် စက်ရုံတစ်ခုရှိတယ်လို့ ယူဆရပါတယ်။
အီရန်နိုင်ငံရှိ နျူကလီးယားနယ်မြေတွေအပေါ် တိုက်ခိုက်မှုတေွ လုပ်ဆောင်ခဲ့ပါတယ်” လို့ အမေ ရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုမှာ ရေးသားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ မြင့်တက်နေစဉ် အမေရိကန်အစိုးရက တနင်္ဂနွေနေ့ မှာ လုံခြုံရေး သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ပြည်တွင်း/ပြည်ပရှိ အမေရိကန်ပြည်သူတွေ နိုးကြားမှု ရှိဖို့ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု ကျင်းပလာနိုင်ကြောင်း၊ အီရန်ခေါင်းဆောင်ပိုင်းက အ မေရိကန်ရှိ ပစ်မှတ်တွေကို လက်တုံ့ပြန်ဖို့ တောင်းဆိုလာရင် အစွန်းရောက်တွေက အကြမ်းဖက်မှုတွေ ကျူးလွန်လာနိုင်ကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
အီရန်နိုင်ငံက လက်တုံ့ပြန်လာပါက ကြောက်မတ်ဖွယ်ရာ အမှားတစ်ခု ဖြစ်လာလိမ့်မယ်လို့ အ မေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက Fox News အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။
ကိုးကား – NHK
Ref; Iran president warns of retaliation after US strikes on nuclear sites
#Ayeyarwaddy_Times