
ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်
ထိုင်ဝမ်ဟာ တိုင်းပြည်တစ်ခုဖြစ်ပြီး ထိုင်ဝမ်ကို သူ့ပိုင်နက်အဖြစ် တောင်းဆိုဖို့ တရုတ်မှာ သမိုင်း ကြောင်း အထောက်အထားမရှိဘူးလို့ သမ္မတ လိုင်ချင်တေးက ဇွန်လ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်ဟာ ရှေးခေတ်ကတည်းက ပိုင်ဆိုင်ခဲ့တဲ့ တရုတ်ပိုင်နက်နယ်မြေတစ်ခုဖြစ်ပြီး နိုင်ငံတစ်ခု လို့ ခေါ်ဆိုခွင့်မရှိတဲ့ လက်အောက်ခံပြည်နယ်တစ်ခုဖြစ်တယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။
လိုင်ချင်တေးနဲ့ ထိုင်ဝမ်အစိုးရအဖွဲ့က အဆိုပါအမြင်ကို အပြင်းအထန် ပယ်ချကာ တရုတ်နိုင်ငံနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ကြိမ်ဖန်များစွာ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
“ထိုင်ဝမ်က တိုင်းပြည်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်ဝမ်က အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်ခု မဟုတ်ဖူးလို့ တရုတ်က ပြောပါတယ်” လို့ မိန့်ခွန်းတစ်ခုမှာ ၎င်းက ပြောပါတယ်။
ကုလသမဂ္ဂမှာ ထိုင်ဝမ်ကို နေရာပျောက်စေပြီး တရုတ်ကို ထိုင်ခုံနေရာရစေခဲ့တဲ့ ၁၉၇၁ ခုနှစ်၊ ကု လသမဂ္ဂ ဆုံးဖြတ်ချက်က ထိုင်ဝမ်ကို လက်အောက်ခံပြည်နယ်အဖြစ် တောင်းဆိုရတဲ့ ဥပဒေပိုင်းဆိုင်ရာ အထောက်အထားတစ်ခုလို့ တရုတ်က ပြောပါတယ်။
ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ဟာ ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာနဲ့ မဆိုင်ဘူးလို့ တရုတ်က ပြော ဆိုဖို့ လုံးဝ မှားယွင်းခဲ့တယ်လို့ တရုတ်ကို ရန်လိုသောပြည်ပတပ်ဖွဲ့လို့ မတ်လအတွင်း ပြောဆိုခဲ့တဲ့ လိုင် ချင်တေးက ဆိုပါတယ်။
တရုတ်ရဲ့ ထိုင်ဝမ်ကို ခြိမ်းခြောက်မှုဟာ စစ်မှန်ပြီး ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ နေ့စဉ်လိုလို စစ် ရေးလှုပ်ရှားမှုတွေ ရှိနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“ထိုင်ဝမ်ရဲ့အနာဂတ်ကို ပြည်သူ ၂၃ သန်းကသာ ဆုံးဖြတ်နိုင်ပါတယ်” လို့ သူက ပြောပါတယ်။–
ကိုးကား – Reuters
Ref; Taiwan is ‘of course’ a country, its President says in rebuke to China