ဧရာဝတီိတိုင်းမ်
ဇွန် ၂၃ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်တွင် ဇွန်လဒုတိယပါတ်အတွင်းလူငယ် နှစ်ဦးကို ကြိုတင်အသိပေးခြင်းမရှိပဲ စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း​ သတင်းရရှိသည်။

ပုသိမ်မြို့နယ် မြင်းကကွင်းကျေးရွာနှင့်ကြက်ပေါင်ကျေးရွာမှလူငယ်နှစ်ဦးကို တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များမှ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စစ်မှုထမ်းရန်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“စစ်မှုထမ်းအစားထိုးဖို့လစဥ်ငွေပေးနေတဲ့ကြားကစစ်မှုထမ်းပါတယ်ဆိုပြီး၀င်ဆွဲတာ အုပ်ကြီးတွေကိုယ်တိုင်ပါတယ် “ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် ဖမ်းဆီးသွားသည့် လူငယ်များကို စစ်တပ်ထဲတွင်ခေါ်ဆောင်ထားပြီး မိဘများနှင့်အဆက်အသွယ်မရကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်များကြောင့် ပုသိမ်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများ၏ ဥပဒေမဲ့ဖမ်းဆီးကာ စစ်မှုထမ်းခေါ်ဆောင်ခံရမည်ကို ပြည်သူများက စိုးရိမ်နေရကြောင်း သိရှိရသည်။

စစ်ကောင်စီသည် စစ်သားစုဆောင်းရာတွင် ဧရာ၀တီတိုင်းအပါအ၀င် အခြားတိုင်းနှင့်ပြည်နယ် အချို့တွင် လူငယ်များကို အဓမ္မဝင်ရောက်ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်နေခြင်းဖြစ်သည်။

#ပုသိမ်မြို့နယ် #လူငယ်၂ဦး #ကြိုတင်အကြောင်းကြားခြင်းမရှိ #စစ်မှုထမ်း #အဓမ္မခေါ်ဆောင်
#Ayeyarwaddy_Times